ဝါဆိုမိုးဦးကတော့ ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပုရိသတွေသာမကမိန်းကလေးချင်းပါကြွေရတဲ့မင်းသမီးချောလေးဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး သီချင်းလေးတွေကို သီဆိုတတ်ပါသေးတယ်နော်။


ဒါ့အပြင် ဝါဆိုမိုးဦးဟာ အဆိုတော်ဖြိုးလေးနဲ့လည်း သာယာအေးချမ်းတဲ့ relationshipကို တည်ထောင်ထားတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိနဲ့လက်တွဲနေကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာသူမရဲ့ ခန္ဓာကိုယ်လေးကိုလည်း အမြဲလိုလိုဂရုစိုက်လေ့ရှိပြီး အဆီပိုမရှိတဲ့ ဘော်ဒီအမိုက်စားလေးပေါ်လွင်အောင်လည်း ဖက်ရှင်ဒီဇိုင်းတွေကို ဝတ်လေ့ရှိတဲ့သူလည်းဖြစ်ပါတယ်။


ဒါ့အပြင် ညီအစ်မတွေဆုံရင်လည်း အမိုက်စားဗီဒီယိုလေးတွေပုံလေးတွေကိုလည်း ရိုက်ကာအမြဲဖော်ပြလေ့ရှိတာလည်းဖြစ်ပါတယ်။ အခုလည်း တစ်ကမ္ဘာလုံးရဲ့ Tik Tok မှာရေပန်းစားနေတဲ့ ဗီဒီယိုလေးကို ညီအစ်မတွေနဲ့ပေါင်းကာ အမိုက်စားပြန်ဆော့ပြထားတဲ့ ဗီဒီယိုလေးကို ဝေမျှလာတာပဲဖြစ်ပါတယ်။ ဗီဒီယိုလေးဟာ ကြည့်ရှုသူများပြားခဲ့ပြီး မိမိုက်လွန်းတာကြောင့် မျှဝေပေးလိုက်ပါတယ်။

