ပရိသတ်ကြီးရေ.. ပရိသတ်တွေအခိုင်အမာနဲ့အောင်မြင်မှုတွေများစွာရရှိထားပြီး အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းရပ်တည်နေတဲ့ ဖြူဖြူထွေးကိုတော့ ယောကျ်ားလေး မိန်းကလေးမရွေးအားလုံးက ချစ်ခင်အားပေးကြပါတယ်နော်..။
ရယ်စရာဟာသလေးတွေနဲ့ ပရိသတ်တွေကို ပျော်ရွှင်စရာလေးတွေဖန်တီးပေးတတ်သလို လှူဒါန်းမှုသဒ္ဓါတရားထက်သန်တဲ့ စိတ်ထားလေးတွေကလည်း မြင်သူတိုင်းကို သဘောကျချစ်ခင်စေပြီး ချစ်စရာအပြုံးလေးတွေနဲ့လည်းအေးချမ်းစေသူလေးလည်း ဖြစ်ပါတယ်နော်..။


အပြုံးလှလှလေးတွေနဲ့ အမြဲပျော်ပျော်နေတတ်တဲ့ ပရိသတ်အချစ်တော်လေး ဖြူဖြူထွေးဟာ ဒီနေ့လေးမှာတော့ အဖွားဖြစ်သူဆုံးသွားလို့ ရွာပြန်ချင်ပေမယ့်လည်း မပြန်ရတဲ့အကြောင်း စိတ်မကောင်းစွာနဲ့ ရင်ဖွင့်ပြောပြလာပါတယ်နော်..။
ကပ်ရောဂါအခြေအနေတွေကြောင့် သွားလာရတာတွေ အခက်အခဲဖြစ်နေတဲ့အချိန်မှာ အဖွားဆုံးသွားလို့ရွာပြန်ပြီး နောက်ဆုံးအနေနဲ့မျက်နှာလေးကြည့်ချင်တာတောင် ကြည့်ခွင့်မရတဲ့အတွက် ဖြူဖြူထွေးလေးတစ်ယောက် ဝမ်းနည်းစိတ်မကောင်းဖြစ်နေတာဖြစ်ပါတယ်နော်..။


"အဘွားဆုံးပြီး ရွာလေးပြန်ချင်တာကို
ဒီမှာ ဆေးစစ်ချက်ထောက်ခံစာတွေပါ
ယူခဲ့ ပါ့မယ်ဆိုတာကို ??ဘာလို့လဲဗျာ
တော်တော်စိတ်ညစ်နေပြီး အဘွားမျက်နှာ
နောက်ဆုံးနေနဲ့ ကြည့်ခွင့်မရတော့ဘူးလား?.." ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားပါ..။
ပရိသတ်တွေနဲ့ ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရတဲ့အကြောင်းလေးတွေနဲ့အတူ ဖြူဖြူထွေးလေးကို အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

သတင်း အရင်းအမြစ်៖ Phyu Phyu Htwe's Fb Acc





