၂၀၂၁ နှစ်စရဲ့ နေ့ထူးနေ့မြတ်လေးမှာ မွန်မြတ်လှတဲ့ ကုသိုလ်တွေပြုလုပ်ရင်း ဖြတ်သန်းနေတဲ့ နေခြည်ဦး

//s9.kh1.co/02/02a85c339abe726333082f37bb378b4557c36240.jpg
အနုပညာရှင်များ

 ၀၂-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

.

ပရိသတ်အချစ်တော် နေခြည်ဦးကတော့ ၂၀၂၁ ခုနှစ်ရဲ့ အစရက်လေးမှာ ကုသိုလ်ဒါနတွေပြုလုပ်ရင်း တန်ဖိုးရှိစွာဖြတ်သန်းနေတာပါ။ မကြာသေးတဲ့ နာရီပိုင်းအချိန်က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ " 2.1.21 စနေနေ့ နေ့ထူးနေ့မြတ် ဒီနေ့က ၂၁၂၁ ဆိုတော့ တကယ့်ကို မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်တစ်ရက်ပါ။ နေခြည်ကတော့ မနက်စောစောထပြီး သူငယ်ချင်းအိမ်မှာ သီတင်းသုံးဖို့ ပင့်ထားတဲ့ တန်ခိုးကြီးရှေးဟောင်းဘုရားတွေ သွားဖူးခဲ့တယ်။ 

Photo credit - Nay Chi Oo's Facebook Account 
Photo credit - Nay Chi Oo's Facebook Account 

ပဌာန်းရွတ် မေတ္တာပို့ပြီး ၂၀၂၁ ကို ကံတွေလာဘ်တွေ ဖွင့်ခဲ့တယ်။ မိမိကြိုက်နှစ်သက်သော ဝက်သားအမဲသားရာသက်ပန်လှူထားတာကို သစ္စာပြုပြီး အေးချမ်းခြင်း အောင်မြင်ခြင်းတွေကို ဆုတောင်းခဲ့တယ်။ နေခြည့်ရဲ့ chillies တွေလည်း ဒီ post လေးမြင်ရင် အေးချမ်းရအောင် ပို့သထားတဲ့မေတ္တာတွေ ရအောင် ပြန် share ပေးလိုက်ပါတယ်။ ဒီနေ့က တကယ့်ကို နေ့ထူးနေ့မြတ်မို့ ကိုယ့်အိမ်က ဘုရားစင်မှာဝတ်ပြုတာတို့ ကောင်းမှုကုသိုလ်လုပ်ပြီး ၂၀၂၁ ကို ကြိုဆိုဖို့ တိုက်တွန်းလိုက်မယ်နော်။ 

Photo credit - Nay Chi Oo's Facebook Account 
Photo credit - Nay Chi Oo's Facebook Account 
Photo credit - Nay Chi Oo's Facebook Account 
Photo credit - Nay Chi Oo's Facebook Account 

အကြောင်းအမျိုးမျိုးကြောင့် အပူတွေ ဒုက္ခတွေနဲ့ မွန်းကျပ်နေသူတွေ အားလုံး အားလုံး ၂.၁.၂၁ မှာနေခြည်ပို့သတဲ့ မေတ္တာဓါတ်တွေကြောင့် တစ်နှစ်ပတ်လုံးအေးချမ်းကြပါစေနော်။ " ဆိုတဲ့ စာသားလေးနဲ့အတူ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိစွာလှရက်လွန်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...... ။

Photo credit - Nay Chi Oo's Facebook Account 
Photo credit - Nay Chi Oo's Facebook Account 
Photo credit - Nay Chi Oo's Facebook Account 
Photo credit - Nay Chi Oo's Facebook Account 

သတင်း အရင်းအမြစ်Source - Nay Chi Oo's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T