ပရိသတ်ကြီးရေ အဆိုတော်နွဲ့ယဉ်ဝင်းကတော့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားပြီး တစ်ခေတ်တစ်ခါကတည်းက တေးသီချင်းလောကမှာ ရပ်တည်ခဲ့တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။နွဲ့ယဉ်ဝင်းက ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်ပြီး သမီးချောလေး သံသာဝင်းကိုလည်း အနုပညာအမွေတွေ လက်ဆင့်ကမ်းထားတာဖြစ်ပါတယ်။သံသာဝင်းကလည်း အမေတူသမီးလေးဖြစ်လို့ အသံချိုချိုလေးကို မွေးကတည်းကပိုင်ဆိုင်လာပြီး အောင်မြင်နေတဲ့တေးသံရှင်ဖြစ်ပါတယ်နော်။



နွဲ့ယဉ်ဝင်းနဲ့သံသာဝင်းတို့သားအမိနှစ်ယောက်က သီချင်းတွေလည်း အတူတူတွဲဆိုထားကြလို့ နှစ်ယောက်တွဲသီချင်းတွေအများကြီးထွက်ထားပါတယ်နော်။သံသာဝင်းရဲ့ခင်ပွန်းအနဂ္ဂကလည်း အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် ဝါသနာတူကြတဲ့မိသားစုလေးပဲဖြစ်ပါတယ်။သံသာဝင်းတို့ဇနီးမောင်နှံမှာ သမီးချောလေးတစ်ယောက်လည်းရှိပြီး သာယာလှပတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။သံသာဝင်းက မေမေနဲ့ဖေဖေတို့ကိုလည်း လိုလေသေးမရှိအောင်စောင့်ရှောက်ပေးတဲ့ သမီးလိမ္မာလေးဖြစ်ပါတယ်နော်။



အခုဆိုရင်တော့ သံသာဝင်းက မေမေနဲ့ဖေဖေ့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကိုလည်း သတိတရနဲ့ ဆုမွန်ကောင်းတောင်းပေးထားတာဖြစ်ပါတယ်။နွဲ့ယဉ်ဝင်းတို့ဇနီးမောင်နှံနှစ်ယောက်က အေးအတူပူအမျှနဲ့ချစ်ခင်ကြင်နာလာကြတာဟာဆိုရင်(၄၉)နှစ်ပြည့်သွားပြီဖြစ်ပါတယ်နော်။သံသာဝင်းက ပရိသတ်တွေတစ်ခါမှမမြင်ဖူးသေးတဲ့ ဖေဖေနဲ့မေမေ့ရဲ့ ငယ်ဘဝစုံတွဲပုံလေးတွေကို Anniversary အမှတ်တရအနေနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်။



Source&Photo Credit:Than Thar Win's Facebook Account