မေကြီးအရမ်းဝတ်ချင်နေတဲ့ အနီရောင်ခြယ်နားကပ်လေးကို ဝယ်လာပြီးကိုယ်တိုင်ပန်ပေးကာ Surprise လုပ်လိုက်တဲ့ ချယ်ရီသင်းရဲ့ဗီဒီယို

//s9.kh1.co/c6/c6f568e16bf6207a230ffdfb7a82e0f67de94d4d.jpg
အနုပညာရှင်များ

 ၀၁-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၄ နှစ် က

မေကြီးအရမ်းဝတ်ချင်နေတဲ့ အနီရောင်ခြယ်နားကပ်လေးကို ဝယ်လာပြီးကိုယ်တိုင်ပန်ပေးကာ Surprise လုပ်လိုက်တဲ့ ချယ်ရီသင်းရဲ့ဗီဒီယို

အသံချိုချိုအေးအေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်ချယ်ရီသင်းဟာဆိုရင် "အချစ်ဟာလိုက်လို့ပြေးတာလား"ဆိုတဲ့သီချင်းလေးနဲ့စတင်ပြီး ပရိသတ်တွေကသတိထားမိလာတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပါတယ်။ချယ်ရီသင်းက လက်ရှိအချိန်မှာလည်း သီချင်းအသစ်များစွာကို ထွက်ရှိနေပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။ချယ်ရီသင်းကတော့ အလုပ်ကိုလည်းကြိုးစားလုပ်ဆောင်သလို ရရှိလာတဲ့ဝင်ငွေတွေနဲ့လည်း မိသားစုကို တင့်တောင်းတင့်တယ်ထားပေးတဲ့ သမီးလိမ္မာလေးဖြစ်ပါတယ်နော်။

Photo Credit:Cherry Thin's Facebook Account
Photo Credit:Cherry Thin's Facebook Account
Photo Credit:Cherry Thin's Facebook Account
Photo Credit:Cherry Thin's Facebook Account

ချယ်ရီသင်းကတော့"(1.1.2021) ဒီနေ့ချယ့်မွေးနေ့ ဪဖေဖေမရှိဘဲမွေးနေ့တွေဖြတ်သန်းလာရတာ (၁၁)နှစ်ကျော်ခဲ့ပြီအရမ်းလွမ်းပါတယ်ဖေဖေဒီနေ့သမီးလေ တခြားအလှူတွေမလုပ်ဖြစ်ပေမဲ့မေမေ့ကို မေကြီးဝတ်ချင်နေတဲ့ အနီရောင်ခြယ်နားကပ်လေးဝယ်ပြီးကန်တော့ဖြစ်ပါတယ်အမှန်တော့ဖေဖေမရှိတော့တဲ့နောက်ပိုင်းမေမေကကိုယ့်ရဲ့မျှော်လင့်ချက်ရောင်ခြည်လေးပါအမေပျော်တာစိတ်ချမ်းသာတာကျန်းမာနေတာလေးပဲမြင်ချင်တယ်တတ်နိုင်သလောက်ပျော်အောင်ထားပါတယ်။ဖေဖေဒါကတော့ဖေဖေ့ကိုပြောပြချင်တဲ့သမီးရဲ့ရင်ထဲကစကားပေါ့ဖေဖေလွမ်းတယ်နော် ဖေဖေကပျော့ညံ့တာမကြိုက်ဘူးဆိုတော့သမီးမငိုတော့ဘူးနော်" 

Photo Credit:Cherry Thin's Facebook Account
Photo Credit:Cherry Thin's Facebook Account
Photo Credit:Cherry Thin's Facebook Account
Photo Credit:Cherry Thin's Facebook Account

ဒီနေ့မွေးနေ့မှာရှိခိုးကန်တော့ထိုက်တဲ့မိဘနှစ်ပါးနဲကျေးဇူးရှင်သင်ဆရာမြင်ဆရာကြားဆရာများနဲ့ချယ့်ပရိသတ်များကိုလည်းရှိခိုးဦးခိုက်ပါတယ်။မွေးနေ့မှာသတိတရနဲ့မွေးနေ့လက်ဆောင်တွေပို့ပေးပြီးမွေးနေ့ဆုတောင်းပေးကြတဲ့ပရိသတ်မိတ်ဆွေများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။2021 မှာစိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့လုပ်သမျှအလုပ်အောင်မြင်ပြီး ပြီးပြည့်စုံတဲ့ဘဝတွေအားလုံးပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်။ချယ့်ကိုချစ်ခင်စွာအမြဲအားပေးဝန်းရံခဲ့ကြတဲ့ချယ့်ကိုချစ်တဲ့သူတွေအတွက် 2021 မှာအားပေးရကျိုးနပ်တဲ့အနုပညာရှင်ဖြစ်အောင်ပိုကြိုးစားပါ့မယ်။အားလုံးကိုအရမ်းချစ်တယ်နော် ဒါနဲ့ 2021 မှာဦးဦးဖျားဖျားအနေနဲ့ 5.1.2021 ကျရင် 'အပျိုကြီး'ဆိုတဲ့သီချင်းအသစ်ထွက်ပါမယ်နော်"ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။ 

Photo Credit:Cherry Thin's Facebook Account
Photo Credit:Cherry Thin's Facebook Account
Photo Credit:Cherry Thin's Facebook Account
Photo Credit:Cherry Thin's Facebook Account

Photo Credit:Cherry Thin's Facebook Account
Source&Video Credit:Cherry Thin's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T