ခေတ်စားနေတဲ့ TikTok လေးကို အသည်းယားအမူအရာလေးနဲ့ ကိုယ်လုံးလေးလှုပ်ခါပြီး ဆော့ကစားထားတဲ့ ဖူးပွင့်သခင်ရဲ့ ဗီဒီယို

//s9.kh1.co/ce/ce81a60345562a9e6526cf0b86d2f93040520076.jpg
အနုပညာရှင်များ

 ၀၁-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၅ နှစ် က

.

မင်းသမီးချောလေး ဖူးပွင့်သခင်ဟာ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေအပြင် တမူထူးခြားတဲ့ အလှတရားတွေနဲ့ ယောကျာ်းလေး ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေချထားနိုင်သူပဲ ဖြစ်ပါတယ်။ ဖူးပွင့်သခင်ကတော့ ဗီဒီယိုဇာတ်ကားတွေထဲမှာ များစွာပါဝင်သရုပ်ဆောင်ထားပြီး အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာလေးတွေအပြင် Photo Shooting လေးတွေကိုလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။

Photo Credit - Phoo Pwint Tha Khin fb page
Photo Credit - Phoo Pwint Tha Khin fb page
Photo Credit - Phoo Pwint Tha Khin fb page
Photo Credit - Phoo Pwint Tha Khin fb page

ဖူးပွင့်သခင် က ဝတ်စားဆင်ယဥ်မှုမှာလည်း မြန်မာဝတ်စုံလေးတွေအပြင် ခေတ်ပေါ်ဖက်ရှင်လေးတွေကိုလည်း လိုက်ဖက်ညီညီဝတ်ဆင်တတ်တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုရင် သူမဟာ အပျင်းအပြေ tik tok လေးတွေဆော့ကစားပြီးပရိသတ်တွေကို ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာလည်း ဖူးပွင့်သခင်က မြင်သူတိုင်း ချစ်အားပိုမယ့် အလန်းစား tiktok လေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Phoo Pwint Tha Khin fb page
Photo Credit - Phoo Pwint Tha Khin fb page
Photo Credit - Phoo Pwint Tha Khin fb page
Photo Credit - Phoo Pwint Tha Khin fb page

ဒီပုံလေးတွေထဲမှာတော့ ဖူးပွင့်သခင်ဟာ လွတ်လပ်ပေါ့ပါးတဲ့ ဂါဝန်လေးကိုဝတ်ဆင်ထားပြီး ခေတ်စားနေတဲ့ tik tok လေးကို အသည်းယားစရာအမူအရာလေးတွေနဲ့ ဆော့ကစားထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗီဒီယိုလေးနဲ့လည်း ဖူးပွင့်သခင် က "စိတ်ချရအောင်အိမ်မှာပဲနေပြီTikTok လေးတွေပဲဆော့နေတာပါ .....ရှင် ရဲ့ ချစ်ဆုံးလေးက လိမ်မာပါတယ်ဟုတ်hehe " ဆိုတဲ့ စာသားလေးနဲ့လည်း ဖော်ပြထားပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖူးပွင့်သခင်ရဲ့ အသည်းယားစရာကောင်းနေတဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ် VideoCredit & Source - Phoo Pwint Tha Khin fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T