ပရိသတ်ကြီးရေ အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေကို အသံပါဝါကောင်းကောင်နဲ့ သီဆိုလေ့ရှိတဲ့ သူလေးကတော့ မေလသံစဥ္ ပဲဖြစ်ပါတယ်။သူမရဲ့ သီချင်းတွေကိုလည်း လူကြီးရော လူငယ်ပါ ကြိုက်ကြတဲ့ အတွက် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားနိုင်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။လတ်တလောမှာတော့ သီချင်းသစ်လေးတွေလည်း ထွက်ရှိထားပြီး နောက်ထပ် သီချင်းတွေ ထွက်နိုင်ဖို့လည်း ကြိုးစားနေတဲ့ တေးသံရှင်လေး ဖြစ်ပါတယ်။


သူမကတော့ လူငယ်ပီပီ ပျော်ပျော်ရွှင်ရွှင်နေတတ်သူလေးဖြစ်ပြီး ပွင့်လင်းရိုးသားတဲ့အပြင် အပြုံးချိူချိုလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ သူလေးဖြစ်ပါတယ်။Cover song လေးတွေလည်း သီဆိုလေ့ရှိပြီး အဆိုပိုင်းတွင် ထူးချွန်သလို သီချင်းရေးတဲ့အပိုင်းတွင်လည်း ထက်မြက်ကာ ဝါရင့်အဆိုတော်တွေကပါ ချီူးကျူးရလောက်တဲ့ထိ တော်တဲ့ အနုပညာရှင်လေးပဲ ဖြစ်ပါတယ်။သူမဟာ မြန်မာဆန်ဆန် ရိုးရှင်းတဲ့ ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိသူလေး ဖြစ်ပါတယ်။


မေလကတော့ အလှူအဒါန်းလည်းရက်ရောတဲ့ သူလေးလည်း ဖြစ်ပါတယ်။လတ်တလောမှာတော့ သူမရဲ့ Facebook စာမျက်နှာထက်တွင် Tik Tok လေးကို ပရိသတ်တွေ အတွက် ဖော်ပြပေးလာတာ ဖြစ်ပါတယ်။မေလရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန် အမူအရာလေးတွေနဲ့ ဆော့ကစားထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေ ကြည့်ရှုအားပေး ချစ်ခင်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။မေလလေးကို ချစ်တယ်ဆို အသည်းလေးတွေပေးခဲ့ဖို့မမေ့နဲ့နော်......။


သတင်း အရင်းအမြစ်៖ မေလသံစဥ္ May Melody My day





