မြင်သူတိုင်းရင်အေးစေမယ့် အပြုံးတွေနဲ့ မြန်မာ ဝတ်စုံလေးဝတ်ပြီး နန်းစံနေတဲ့ ပရိသတ်အချစ်တော် ဝိုင်းလေး

//s9.kh1.co/f9/f98aadc7e076d2baf1af9fa9ac88a8d8836f5c6e.jpg
အနုပညာရှင်များ

 ၃၀-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၅ နှစ် က

.

ယခုအခါမှာတော့ မော်ဒယ်လ်လောက ကနေ ဂီတလောကထဲကို ခြေစုံပစ် ဝင်ရောက်လာပြီး ပရိသတ်တွေရဲ့ အချစ်တွေ အခိုင်အမာ ရထားတဲ့ ပရိသတ် အချစ်တော် ဝိုင်းလေးပဲဖြစ်ပါတယ်။မော်ဒယ်လ်လောက မှာတုန်းကလည်း နိုင်ငံ ဂုဏ်ဆောင် တစ်ဦး ဖြစ်ခဲ့ သလို လက်ရှိ ဂီတလောကမှာ လည်း အသံချိုချို သာသာလေးနဲ့ သီဆိုမှုတွေကြောင့် ပရိသတ်တွေ ရဲ့ အားပေးထောက်ခံမှုကို အခိုင်အမာ ရရှိထားတာပဲဖြစ်ပါတယ်။ သူမကတော့ ပြည်တွင်းပွဲတွေသာမက ပြည်ပထိ မြန်မာ ကိုယ်စားပြု အနေနဲ့ သွားရောက်ရှင်ပြိုင်ခွင့် ရရှိခဲ့တဲ့ ဂီတတေးသံရှင်တွေ ထဲက တစ်ဦးအပါအဝင်လည်း ဖြစ်ပါတယ်။

Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page

သူမရဲ့ သီချင်းတွေက လည်း JOOX မှာ နားစဉ်သူဦးရေ အများဆုံး နဲ့ Top Chart ထဲဝင်ရောက်လာသူတစ်ဦးလည်းဖြစ်ပါတယ်။ 2020 Feb မှာလည်း ဝိုင်းလေးဟာ "The Inspiration " ဆိုတဲ့ သူမရဲ့ ပထမဆုံးဖြစ်တဲ့ တကိုယ်တော်ဖျော်ဖြေပွဲနဲ့ Covid အတွင်း Single သီချင်း၂ပုဒ် ထုတ်နိုင်ခဲ့ပါသေးတယ်။ လတ်တလောမှာလည်း သီချင်းတွေ ဖန်တီးလိုက် ပွဲတွေတက်လိုက် နဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။ မကြာသေးမီ ကလည်း နိုင်ငံပေါင်း ၂၃ နိုင်ငံ Musicians ၁၂၇ ယောက် ပူးပေါင်းပြီး တစ်နှစ်တာ အချိန်ယူ ပြင်ဆင်ခဲ့ရတဲ့ “NOW IS THE TIME” OFFICIAL MUSIC VIDEO Project မှာ လည်း မြန်မာ ကိုယ်စားပြု အနေနဲ့ ပါဝင်ခွင့်ရရှိခဲ့တဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page

ယခုအခါမှာ လည်းသူမရဲ့ ရိုးရှင်းတဲ့ ပုံစံနဲ့ နေထိုင်မှုပုံလေးတွေကို ချပြလာတာပဲဖြစ်ပါတယ်။ဒီပုံလေးတွေထဲမှာ ဝိုင်းလေးတစ်ယောက် မြန်မာ ရင်ဖုံးလေးကို ရိုးရိုး ရှင်းရှင်းလေး ဝတ်ဆင်ထားပြီး ဟန်ဆောင်မှုကင်းတဲ့ အပြုံးတွေ ရယ် နန်းစံ တဲ့ အလှတရားတွေ နဲ့ အတူ လှသွေးကြွယ်နေတာ ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကလည်းအမိုက်စားဆိုတော့ အနီ အက်ျီနဲ့ ထမီ လေးကို ဝတ်ဆင်ထား တော့ အလှတရားတွေက ပိုပေါ်ပြီး ချစ်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်။ ကဲ…..ပရိသတ်ကြီး တို့ကလည်း ဝိုင်းလေးရဲ့ အပြုံးတွေ အောက်မှာ နစ်မျောသွားရင် အသည်းလေးတွေ ပေးခဲ့ ဖို့ မမေ့နဲ့ ဦးနော်……။

Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page

သတင်း အရင်းအမြစ် Wyne Lay Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T