ပရိသတ်အရမ်းချစ်ရတဲ့ မင်းသားချော မင်းမော်ကွန်းက အသက်တွေသာ တစ်နှစ်ထက် တစ်နှစ်ကြီးလာပေမယ့် သူ့ရဲ့ရုပ်ရည်ကတော့ မပြောင်းမလဲဘဲ နုပျိုနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် မင်းမော်ကွန်းက သားနှစ်ယောက်၊ သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ကလေးသုံးယောက်ရဲ့ဖခင်လည်း ဖြစ်ပါတယ် ။ မင်းမော်ကွန်းကတော့ သူ့ရဲ့ချစ်ဇနီးနဲ့သား၊သမီးလေးတွေကို အရမ်းချစ်ပေးပြီး ဂရုတစိုက်နဲ့ မေတ္တာတွေပေးတတ်သူလည်း ဖြစ်ပါတယ် ။


မင်းမော်ကွန်းတို့မိသားစုလေးက အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာနေထိုင်နေတတ်တာကြောင့် ပရိသတ်တွေကပါ သူတို့ကိုအားကျနေရတာလည်း ဖြစ်ပါတယ် ။ မင်းမော်ကွန်းရဲ့သားကြီးနဲ့သမီးကြီးကတော့ အနုပညာအလုပ်တွေကို အနည်းငယ်လုပ်ကိုင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးမှုရခဲ့တာလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် မင်းမော်ကွန်းရဲ့သမီးချောလေး လေပြေသွေးက ငယ်ရွယ်လှပပြီး ချစ်စရာကောင်းတာကြောင့် မြင်သူတိုင်းက အချစ်ပိုနေရတာ ဖြစ်ပါတယ် ။


အခုလည်း Covid Center မှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သမီးလေး လေပြေသွေးကိုကြည့်ပြီး ဖေဖေမင်းမော်ကွန်းတစ်ယောက် ဂုဏ်ယူခဲ့ရတာလည်း ဖြစ်ပါတယ် ။ လေပြေသွေးကတော့ မနေ့ညက "Fortune Plaza- We Love Yangon Happy Covid Center" မှာ Volunteer အဖြစ် တာဝန်ကျေပွန်ခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ အရမ်းချစ်ဖို့ကောင်းပြီး လိမ္မာရေးခြားရှိတဲ့ မင်းမော်ကွန်းသမီးလေးရဲ့ပုံရိပ်တွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Kyaw Kyaw Htay Lwin's FB Story & Lay Pyay Thway's FB Story



