ပရိသတ်တွေရဲ့ အချစ်တော့ သရုပ်ဆောင်မင်းသမီးချောလေး ဖွေးဖွေးကတော့ ယခုအခါမှာ Free Fire ပွဲလေးကို တက်ရောက်ကပြီး ဂိမ်းတွေကစား ရမှာမို့ ရင်တွေ ခုန်နေတဲ့ ကြောင်းကို ပြောပြလာတာပဲဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ်လာလာ အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ ဖွေးဖွေးကတော့ သူမရဲ့ ကြိုးစားမှုတွေကြောင့် အကယ်ဒမီဆုတွေကိုလည်းထိုက်ထိုက်တန်တန် ရရှိခဲ့ ပြီး ဖြစ်ပါတယ်။ သူမကတော့ အမြဲချစ်စရာကောင်းတဲ့ ဟန်ပန်နေနဲ့ ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေက ဖွေးစိန်လေးလို့ ချစ်စနိုးနဲ့ ခေါ်တာကို ခံနေရတာပဲဖြစ်ပါတယ်။


အမြဲအလိုလိုအသစ်စမ်းတွေလုပ်ပြပြီးပုံစံအမျိုးမျိုး ပြောင်းလဲကာပရိသတ်တွေကို အသွင်အသစ်တွေနဲ့ ချပြလာတဲ့ သူမကတော့ ယခုအခါမှာ လည်း ဂိမ်းတွေပါဆော့တက်တာကို ချပြတော့မှာ ပဲဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ဖြူစင်ရိုးသားတဲ့ ဖွေးဖွေးကတော့ မကြာခနဆိုသလို လည်း အလှူ အတမ်းတွေ လုပ်ကာ ကုသိုလ်ပြု အမျှဝေနေတာပဲဖြစ်ပါတယ်။ ယခုအခါမှာတော့ “ဖွေး ကိုယ်တိုင် ပါဝင်ဆော့ကစားမယ့် Free Fire All Star Showdown တတိယရက်ကို စောင့်ကြည့်ကြမယ်မလား ပွဲမှာ Free Fire Game လည်းဆော့မယ် တခြား Game နဲ့ activities လေးတွေလည်း အများကြီး ပါဝင်မှာဆိုတော့ ဖွေးတော့အရမ်းရင်ခုန်နေပြီ” ဆိုပြီးသူမရဲ့ရင်ခုန်သံတွေကိုပြောပြထားတာပဲဖြစ်ပါတယ်။


ဆက်လက်ပြီးတော့လည်း “Free Fire All Star Showdown က မြန်မာနိုင်ငံရဲ့ နာမည်ကြီး Celebrities တွေနဲ့ Streamer တွေ အများကြီး ပါဝင်တဲ့ ပထမဆုံး Celebrity Game Showdown Event ဖြစ်ပြီးတော့ ဖွေး ကတော့ တတိယရက် (၃၀) ရက်နေ့မှာ ပိုင်တံခွန်၊ Y3llO, Jenny နဲ့ Streamer တွေဖြစ်တဲ့ Ayote, Gu Gu, Monica, Aero တို့နဲ့ အတူတူ ပါဝင်ကစားကြမှာပါ” ဆိုပြီးတော့လည်း သူမ နဲ့ အတူတူ ကစားရမယ့် သူတွေကို လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာဖော်ပြထားတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Phway Phway Facebook Page





