သရုပ်ဆောင် မင်းသမီးချောလေး မေထွဋ်ခေါင်ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ဗီဒီယိုဇာတ်ကားများစွာကို လက်မလည်အောင် ရိုက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းခဲ့သူလည်း ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့သော်လည်း ကြော်ငြာလေးတွေသာ တစ်ခါတစ်လေ ရိုက်ကူးပေးဖြစ်နေတာလည်း ဖြစ်ပါတယ်။



သူမဟာ လက်ရှိမှာလည်း ချစ်ရတဲ့ မိသားစုနဲ့ အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ မေထွဋ်ခေါင်ဟာ တတိယကိုယ်ဝန်ကို လွယ်ထားနေရတာပဲ ဖြစ်ပြီး လတ်တလောမှာ လမစေ့ဘဲ ရေမွှာပေါက်သွားတာကြောင့် ဆေးရုံတက်ကာ ကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မေထွဋ်ခေါင်ခင်ပွန်းက ဇနီးဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကို အခုလိုပဲ ပြောပြလာတာပဲ ဖြစ်ပါတယ်။



" သတင်းမေးကျတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်
ကျွန်တော်တစ်ခုလောက်တောင်းဆိုချင်လို့ပါ သတင်းမေးချင်ရင် Caesar NyiNyi အကောင့်ကိုမေးပေးကျပါလို့
သတင်းတစ်ခါမေးတိုင်း ကျွန်တော့အမျိုးသမီး တစ်ခါငိုငိုနေတာတွေ့ပြီးစိတ်မကောင်းလို့ပါ
သူအရမ်းလည်းပင်ပန်းနေလို့ပါ
ဆေးရုံရောက်တာ ဒီနေ့နဲ့ဆိုရင် ၁၀ရက်ရှိပါပြီ အခုထိမဆင်းရသေးပါဘူး
Video call ....msg.... ph နဲ့မေးချင်ရင် ကျွန်တော့အကောင့် ကိုမေးပေးကျပါလို့.." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- May Htut Khaung’s Facebook Account


