(၃)နှစ်ကျော်တွဲခဲ့တဲ့ချစ်သူနဲ့ လမ်းခွဲလိုက်ပြီးနောက်မှာ ရင်တွင်းခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟလာတဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/33/3343221e42c9ad6610e1542f6d14ff87a3515663.jpg
အနုပညာရှင်များ

 ၂၉-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၅ နှစ် က

(၃)နှစ်ကျော်တွဲခဲ့တဲ့ချစ်သူနဲ့ လမ်းခွဲလိုက်ပြီးနောက်မှာ ရင်တွင်းခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟလာတဲ့ ဥက္ကာမင်းမောင်

ပရိသတ်ကြီးရေ သရုပ်ဆောင်၊မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့တဲ့ ဥက္ကာမင်းမောင်ဟာဆိုရင် လက်ရှိမှတော့ နယူးယောက်မှာနေထိုင်နေတာဖြစ်ပါတယ်။ဥက္ကာမင်းမောင်က တစ်ခါတလေ မြန်မာပြည်ကိုပြန်လာလည်ပြီး အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ကိုင်ပါတယ်နော်။လက်ရှိမှာဆိုရင်တော့ ဥက္ကာမင်းမောင်က (၃)နှစ်ကျော်တွဲခဲ့တဲ့ ချစ်သူနဲ့ တရားဝင်လမ်းခွဲလိုက်ကြောင်းကို အသိပေးလာတာဖြစ်ပါတယ်။ဥက္ကာမင်းမောင်က လက်ရှိခံစားနေရတဲ့ ခံစားချက်ကိုလည်း အောက်ပါအတိုင်း‌ဖွင့်ဟလာတာဖြစ်ပါတယ်။

Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page

ဥက္ကာမင်းမောင်ကတော့ "ချစ်သူနဲ့ကွဲတဲ့ကိစ္စနဲ့ ပက်သတ်ပြီး သတင်း​တွေထဲ ​ဝေဖန် ရှုံ့ချတာ​တွေကလည်း ဖတ်တောင် မဖတ်ဝံ့​အောင်ပဲ.. ဪ ကိုယ်လည်းသူတို့ကို ဘာမှလုပ်​နေတာမဟုတ်..သူတို့အသဲကွဲမှ ကိုယ်ချင်းစာတတ်လိမ့်မယ်ထင်ပါတယ်..LGBT ပဲဖြစ်ဖြစ် မဖြစ်ဖြစ် အချစ်ဟာ အချစ်ပါပဲ.. ပြီး​တော့ မီဒီယာများကျွန်​တော့်ကို အခုအချိန်ထိ သတိတရနဲ့​မေးကြတာ ​ကျေးဇူးတင်​ပေမယ့် ​မေးတုန်းက ၄၅ မိနစ်လောက်ကြာတယ်.. တင်​တော့ ၄ မိနစ်.. ကိုယ့်အင်တာဗျူးကိုယ်ပြန်ကြည့်ပြီး ကိုယ့်ဟာကိုယ်​တောင် ဇာတ်ရည်မလည်ဘူးဖြစ်​နေတယ်..Myanmar Celebrity မှာတော့ အင်တာဗျူးအရှည်တင်​ပေးထားပါတယ်.. မီဒီယာ​တွေသာ ​​ပြောင်းသွား​ပေမယ့် ဘာ​ကြောင့် ချစ်သူနဲ့ ကွဲတာလဲဆိုတဲ့​မေးခွန်းတူတူ​တွေကို ထပ်ခါတလဲလဲ​​ မ​ဖြေချင်​တော့ပါဘူး.. ဇာတ်လမ်းက ​ပြောရရင် အရှည်ကြီးမို့လိုပါ.. ပြီးခဲ့တာ​တွေပြီးပါ​စေ​​တော့.. ကွဲတာ၂ လ​နီးပါး လောက်​တောင်ရှိပြီဆို​တော့ စိတ်လည်းအနည်ထိုင်စ တည်ငြိမ်စပြု​နေပါပြီ..ကျွန်​တော့်စိတ်က ခံစားလွယ်တယ် စိတ်နုတယ် မျက်ရည်လွယ်တယ်.." 

Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page

"အင်တာဗျူး​တွေ ​ဖြေရင် မျက်ရည်ကျမှာစိုးလို့ တမင် ကွဲပြီးကာစ မှာ မ​ကြေငြာခဲ့တာ.. ပြန်များကြိုက်မလားဆိုပြီး​စောင့်​နေခဲ့တာ လည်းပါပါတယ်.. ဒါ​ပေမဲ့ လူ​တွေက အင်တာဗျူးမှာ မငို​တော့လည်းဝေဖန်တယ်.. ငိုလည်းဝေဖန်တယ်.. ကျွန်​တော် social media ​ပေါ် တက်ပြီး ငိုခဲပါတယ်.. ငိုတဲ့အချိန်မှာလည်း ကိုယ့်ပုံကိုယ် ဓါတ်ပုံ အမိအရရိုက်ပြီး Facebook မတင်တတ်ပါ.. ၃ နှစ်​တောင်ချစ်ခဲ့တာပဲ.. သံ​ယောဇဥ်တို့ ခံစားချက်တို့က​တော့ ရှိတာ​ပေါ့..အ​ကြောင်းအရင်းတိုက်ဆိုင်ရင် သတိရတာ​ပေါ့.. စကြိုက်ကတည်းက တစ်အိမ်ထဲ တူတူ​နေလာတာ လွမ်းတာ​ပေါ့.. ဘာပဲဖြစ်ဖြစ် အခု ကျွန်​တော်တို့ နှစ်​ယောက်ဇာတ်လမ်း ပြီးသွားပြီဆိုတာ ပရိသတ် သိရင်ပြီးတာပါပဲ..​နောင်တစ်ချိန်မှာ ဘာ အရှုပ်အရှင်းမှ မဖြစ်​အောင်လို့ ​ပြောပြလိုက်တဲ့သ​ဘောပါပဲ.. ပရိသတ် တွေထပ်သိချင်နေသေးရင်လည်း ကျွန်​တော် ထပ်​​ဖြေသင့် မ​ဖြေသင့်စဥ်းစားပါမယ်.. အား​ပေးစကား​ပြောကြတဲ့ ချစ်ပရိသတ်များ တ​စ်ယောက်ချင်းစီကို ​ကျေးဇူးအများကြီး​ပြောမပြတတ်​အောင်တင်ပါတယ်ခင်ဗျာ.."ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page

Source&Photo Credit:Okkar Min Maung's Facebook page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T