ပရိသတ်ကြီးရေ ငယ်ရုပ်မပြောင်းပဲ တည်ငြိမ်အေးချမ်းတဲ့ အပြုံးပိုင်ရှင်လေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး စိုးမြတ်နန္ဒာပဲ ဖြစ်ပါတယ်။ အစ်မဖြစ်သူ စိုးမြတ်သူဇာနဲ့အတူ အနုပညာလမ်းကြောင်းထက်ကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာရရှိကာ အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတာပါ။


စိုးမြတ်နန္ဒာက သရုပ်ဆောင် မင်းသားကြီး စိုးသူနဲ့အတူ တစ်အိုးတစ်အိမ်ထူထောင်ထားတာဖြစ်ပြီး သားသားလေးနဲ့လည်း ဘဝကို ရှေ့ဆက်လျှောက်လှမ်းနေတာပါ။ အနုပညာအလုပ်တွေကိုလည်း အားတက်သရော လုပ်ကိုင်နေတဲ့ သူမက ယခုမှာလည်း ကြော်ငြာတွေနဲ့ Photo shooting တွေကို ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှုလေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတာလည်း တွေ့ရပါတယ်။


ယခုမှာဆိုရင်လည်း စိုးမြတ်နန္ဒာက ချစ်စရာကောင်းလွန်းလှတဲ့ ငယ်ဘဝက အမှတ်တရပုံလေးကို တင်ပေးလာရင်း " မင်္ဂလာရှိသော မနက်ခင်း လေးပါရှင့် ရုပ်ကလေးစူပုပ်နေလဲ ခွင့်လွှတ်ချစ်ပေးနော် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။


သတင်း အရင်းအမြစ်៖ Source - Soe Myat Nandar's Facebook page