ကိုယ့်ကိုယ်ကို ပန်းတွေဝေနေတဲ့ ကတုံး လို့ဆိုကာ ရှက်ပြုံးလေးတွေနဲ့ ချစ်စရာအလွန် ကောင်းနေတဲ့ မိစန္ဒီ

//s9.kh1.co/92/9278eaa0022120ad912eda4e9d8abd8b6adea099.jpg
အနုပညာရှင်များ

 ၂၈-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၅ နှစ် က

.

ဒီတစ်ခေါက်မှာတော့ Rap သီချင်းတွေကို ဖန်တီးနေတဲ့ ပရိသတ် အချစ်တော် တေးသံရှင်လေး မိစန္ဒီပဲဖြစ်ပါတယ်။ အသံပါဝါအားကောင်းပြီး သီချင်းတွေကို ခံစားသက်ဝင်မှု အပြည့် နဲ့ သီဆိုတာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲ ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ နေရာတိုင်း မှာ လည်း အချိန်နေ အချိန်ခါလိုက်ပြီး Rap သီချင်းတွေ ကို လက်တန်းရွတ်နိုင်တဲ့ ထူးခြားတဲ့ ပါရမီရှင် တစ်ဦး လည်းဖြစ်ပါတယ်။ ဘာသာတရားကလည်း အလွန်ကိုင်းရှိုင်းပြီး စကားပြော ချိုသာ ယဉ်ကျေးတာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာဆို ရင်လည်း မမှားပါဘူး။

Photo Crd - Mi Sandi Facebook Page
Photo Crd - Mi Sandi Facebook Page
Photo Crd - Mi Sandi Facebook Page
Photo Crd - Mi Sandi Facebook Page

မိစန္ဒီကတော့ သီချင်း အယ်လ်ဘမ်ပေါင်း များစွာကို ထွက်ရှိခဲ့ပြီး အယ်လ်ဘမ် တိုင်းလိုလို ပရိသတ်တွေ ရဲ့ အားပေးထောက်ခံမှုကို ရရှိ ကာ အောင်မြင်မှု ရရှိနေတာပဲဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သီချင်းတစ်ပုဒ် ထွက်ရှိထားပြီး အားလုံးရဲ့ အားပေးထောက်ခံမှုကိုရရှိနေတာပဲဖြစ်ပါတယ်။ အဲ့ဒီသီချင်းထဲမှာလည်း သူမဟာ ပီပီပြင်ပြင် သရုပ်ဆောင်ထားတာကို ကြည့် ခြင်းအားဖြင့် မိစန္ဒီဟာ အနုပညာ အရည်အချင်း အချင်း ရှိကြောင်းကိုပါ တွေ့ရပါတယ်။ မကြာခနဆို သလိုလည်း ဓာတ်ပုံလေးတွေကို ရိုက်ပြီး မျှဝေကာ ပရိသတ်တွေ နဲ့ အဆက်အသွယ် မပျက် ရှိနေတာ ပဲဖြစ်ပါတယ်။

Photo Crd - Mi Sandi Facebook Page
Photo Crd - Mi Sandi Facebook Page
Photo Crd - Mi Sandi Facebook Page
Photo Crd - Mi Sandi Facebook Page

ယခုအခါမှာလည်း ချစ်စရာကောင်းတဲ့ ပုံလေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာတာ ပဲဖြစ်ပါတယ်။ ပန်းလေးတွေကို ခေါင်းပေါ်မှာ ပန်ထားပြီး ဟန်ဆောက်မှု ကင်းမဲ့တဲ့ အပြုံးတွေနဲ့ ချစ်စရာကောင်းနေတဲ့ ပုံလေးတွေကို “ပန်းတွေနဲ့ ဝေနေသော ကတုံး” ဆိုပြီး ဟာသဆန်ဆန် ခေါင်းစဉ်တပ်ပြီး မျှဝေလာတာကို ပရိသတ်ကြီး တို့ အတွက်ပြန်လည် မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီပုံလေးတွေထဲ မှာ မိစန္ဒီ တစ်ယောက် ကလေးတစ်ယောက်လို ချစ်စရာကောင်း ပြီး လှသွေးကြွယ်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ ကလည်း မိစန္ဒီရဲ့ အပြုံးတွေအောက်မှာ နစ်မျောသွားရင် အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့နဲ့ ဦးနော်….။

Photo Crd - Mi Sandi Facebook Page
Photo Crd - Mi Sandi Facebook Page
Photo Crd - Mi Sandi Facebook Page
Photo Crd - Mi Sandi Facebook Page

သတင်း အရင်းအမြစ် Mi Sandi Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T