ဒီတစ်ခါမှာတော့ မင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ ခင်သဇင်ကတော့ လေယာဉ်မယ်လေး ဘဝကနေ အနုပညာ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတာ ဖြစ်ပြီး ပရိသတ်တွေက ချစ်ခင်အားပေး လက်ခံကာ အောင်မြင်နေတဲ့ သူလေးပဲ ဖြစ်ပါတယ်။သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင် နေတာဖြစ်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။


ခင်သဇင်ဟာ ဇာတ်လမ်းတွဲတွေ လည်း သရုပ်ဆောင်လျက်ရှိနေတာ လည်းဖြစ်ပါတယ်။သူမရဲ့ ခန္ဓာကိုယ် အချိုးအစား ဟာ ဆိုရင်လည်း ကျစ်လျစ်သွယ်လျနေပြီး အဆီပို မရှိတာကြောင့် ပုရိသတွေ သာမက ပျိုမေလေးတွေက ပါ နှစ်သက် အားကျနေရတာ ပဲဖြစ်ပါတယ်။သူမဟာ အနုပညာလှုပ်ရှားမှုတွေ ကို ဆက်လက် လုပ်ကိုင်နေတာ ဖြစ်ပြီး Live Sale တွေမှာလည်း တွေ့ရသူလေး ဖြစ်ပါတယ်။လတ်တလောမှာလည်းသူမဟာ အိမ်မှာပဲ ဂျပန်မုန့်လုပ်နည်းတွေ သင်ယူကာ အေးအေးချမ်းချမ်း ဘဝကို ဖြတ်သန်းနေသူလေး ဖြစ်ပါတယ်။


သူမရဲ့ အလှဓာတ်ပုံများကိုလည်း ပရိသတ်တွေ အတွက် ဖော်ပြပေးလေ့ ရှိတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။လူမူကွန်ယက်စာမျက်နှာထက်တွင် “အချစ်က သကြားလုံးလေးလို ချိုတယ်ဆိုလို့ Love is like candy”ဆိုပြီး အဆိုပါ ပုံရိပ်လေးတွေနဲ့ အတူ တင်ပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီး အတွက် ခင်သဇင်ရဲ့ ဆံပင်တိုလေးနဲ့ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေး လိုက်ပါတယ်။

သတင်း အရင်းအမြစ်៖ Khin Thazin FB Account





