ဇာတ်တိုက်နေရင်း အဖွဲ့သားတွေနဲ့အတူ မြူးကြွတဲ့ သီချင်းလေးအတိုင်း ကကွက်မျိုးစုံနဲ့အပီအပြင်ကနေကြတဲ့ ဟန်ဇာမိုးဝင်းရဲ့ အခွီးtiktok ဗီဒီယို

//s9.kh1.co/1a/1ad6643565f591ae4a589a34e1e61ad1a315228f.jpg
အနုပညာရှင်များ

 ၂၈-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

မင်းသားချောလေး ဟန်ဇာမိုးဝင်း ကတော့ ဇာတ်သဘင်နယ်ပယ်မှာ အောင်မြင်ကျော်ကြားပြီး အကောင်းဆုံးလျှောက်လှမ်းနေတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဟန်ဇာမိုးဝင်း က ဗီဒီယိုဇာတ်ကားများစွာကိုလည်း ပါဝင်သရုပ်ဆောင်နေတာကို တွေ့ရပါတယ်။ လက်ရှိ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာတော့ မင်းသား တင်မောင်ဆန်းမင်းဝင်း နဲ့အတူ ပရိသတ်တွေကိုOnline ပေါ်ကနေပဲ ကပြဖျော်ဖြေပေးနေတာ တွေ့ရပါတယ်။

Photo Credit -Han Zar Mon Win fb account
Photo Credit -Han Zar Mon Win fb account
Photo Credit -Han Zar Mon Win fb account
Photo Credit -Han Zar Mon Win fb account

အနုပညာကို အထူးဝါသနာကြီးလွန်းတဲ့ ဟန်ဇာမိုးဝင်း ဟာ ဇာတ်တိုက်နေတဲ့ အချိန်တွေမှာတောင် အပျင်းအပြေ tik tokလေးတွေ ဆော့ကစားပြီး ပရိသတ်တွေကို ပြန်လည်ဖော်ပြပေးပါတယ်။ သူ့ရဲ့ tik tok လေးတွေကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ ကြည့်ရှု့သူများတာကို တွေ့ရပါတယ်။ ယခုမှာတော့ ဟန်ဇာမိုးဝင်းက ဇာတ်တိုက်ရင်း ဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit -Han Zar Mon Win fb account
Photo Credit -Han Zar Mon Win fb account
Photo Credit -Han Zar Mon Win fb account
Photo Credit -Han Zar Mon Win fb account

ဒီ tik tok ဗီဒီယိုလေးထဲမှာတော့ ဟန်ဇာမိုးဝင်း က သူ့ရဲ့ အဖွဲ့သားတွေနဲ့အတူ ခေတ်စားနေတဲ့ သီချင်းလေးကို ကိုယ်ပိုင်အမူအရာလေးတွေဖြင့် ကြည့်မိသူတိုင်း စိတ်ပျော်ရွှင်သွားရလောက်အောင် ဆော့ကစားထားကြတာ ဖြစ်ပါတယ်။ဟန်ဇာမိုးဝင်းရဲ့ ဒီဗီဒီယိုလေးကို ပရိသတ်တွေ သဘောကျမယ်လို့လည်း မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အပီအပြင် အပြိုင်ကနေတဲ့ ဟန်ဇာမိုးဝင်းတို့ရဲ့ tik tok လေးကို ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။

သတင်း အရင်းအမြစ်VideoCredit & Source - Han Zar Mon Win fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T