အိမ်မှာရှိတဲ့သပ္ပာယ်လှတဲ့ဘုရားခန်းထဲမှာ ယောဂီ၀တ်စုံလေးနဲ့ ဘုရား၀တ်ပြုရင်း ကျက်သရေရှိနေတဲ့ ဖြူဖြူထွေး

//s9.kh1.co/d0/d0f29d63c065d73ab10602f2b473a35112b21df2.jpg
အနုပညာရှင်များ

 ၂၈-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ......စိတ်ရင်းစေတနာကောင်းမွန်ပြီး အလှူဒါနတွေမကြာခဏလုပ်တတ်တဲ့ မင်းသမီးချောလေး ဖြူဖြူထွေးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဝေဖန်တိုက်ခိုက်မှုတွေများစွာခံခဲ့ရပေမယ့် အလုပ်ကြိုးစားပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်.....။

Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc

ဖြူဖြူထွေးဟာ အခုဆိုရင်ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးထားတာဖြစ်ပြီး ကြော်ငြာတွေဆိုရင်လည်း ဆက်တိုက်ဆိုသလိုရိုက်ကူးနေတာဖြစ်ပါတယ်နော်။ ဒါ့ပြင်ဖြူဖြူထွေးဟာ မိဘအပေါ်ကိုလည်းသိတတ်လိမ္မာတဲ့သူလေးဖြစ်ပြီးတော့ ပျော်ပျော်နေတတ်တဲ့ သူလေးဆိုလည်း မမှားပါဘူး။ ဖြူဖြူထွေးဟာ အမြဲအလုပ်ကြိုးစားနေတဲ့သူလေးဖြစ်တာကြောင့် အားလပ်ချိန်လေးတွေမှာဆိုရင်လည်း သူ့ရဲ့လှုပ်ရှားမှုပုံလေးတွေကို ပရိသတ်တွေအတွက် တင်ပေးတတ်ပါတယ်။

Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc

ဖြူဖြူ‌ထွေးဟာ ကုသိုလ်ရေးနဲ့ပက်သက်ပြီးလည်း လက်ဖျားခါအောင်ကိုအလှူဒါနတွေအမြဲလုပ်နေလေ့ရှိသူဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "စိတ်မငြိမ်ဘူး ဖြစ်နေတယ်ဆို ဖြူလေးကိုပဲ ကြည့်လိုက်....." ဆိုတဲ့ captionလေးနဲ့ ယောဂီ၀တ်စုံလေး၀တ်ကာ ဘုရား၀တ်ပြုနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc

သတင်း အရင်းအမြစ် Phyu Phyu Htwe's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T