ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားကြတဲ့ ကြည်နူးအားကျစရာဆယ်လီစုံတွဲတွေထဲမှာ မိတ်ကပ်ပညာရှင်မေဦးနဲ့ ဟန်လင်းတို့ ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။
ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေရဲ့လက်စွဲတော် နာမည်ကျော်မိတ်ကပ်ပညာရှင်အဖြစ် အောက်မြင်စွာရပ်တည်နေတဲ့ မေဦးကတော့ ချစ်သူဟန်လင်းနဲ့အတူ သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြတာလည်း ဖြစ်ပါတယ်နော်..။


တစ်ယောက်ကို တစ်ယောက်မြတ်နိုးကြင်နာမှုလေးတွေနဲ့ လိုက်ဖက်ညီညီ လက်တွဲထားတဲ့ သူတို့စုံတွဲလေးကတော့ ရိုမန်တစ်ဆန်တဲ့ ကြည်ကြည်နူးနူးပုံလေးတွေနဲ့လည်း ပရိသတ်တွေကို အမြဲသဘောကျစေတဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူးနော်..။
အားကျစရာပုံရိပ်လေးတွေနဲ့ အမြဲမြင်တွေ့ရတဲ့ မေဦးနဲ့ဟန်လင်းတို့ စုံတွဲလေးဟာ Tik Tok ဗီဒီယိုလေးကိုလည်း မကြာခဏဆော့ကစားကာ စုံတွဲလေးသရုပ်ဆောင်ထားတဲ့ Tik Tok ဗီဒီယိုလေးတွေကလည်း တကယ်ကို လိုက်ဖက်ပြီးချစ်စရာကောင်းပါတယ်နော်..။


အခုတစ်ခါမှာလည်း မေဦးတစ်ယောက် ချစ်သူဟန်လင်းပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် စိတ်မကောင်းဖြစ်ပြီး မျက်ရည်တွေစီးကျလာတဲ့အထိ ဝမ်းနည်းသွားတဲ့ သူတို့နှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုလေးကိုလည်း ထပ်မံဝေမျှလာပါတယ်နော်..။
ရှေ့သွားနောက်လိုက် လိုက်ဖက်ညီပြီး အတွဲညီညီဆော့ကစားထားကြတဲ့ မေဦးနဲ့ ဟန်လင်းတို့ရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေသဘောကျနေကြမှာမို့ တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။


@mayoomagic ဘယ်သူ့အိုက်တင်ပိုကောင်းလည်း? @hanlinofficial
♬ original sound - ?A Boom??
သတင်း အရင်းအမြစ်៖ May Oo's Tik Tok Acc