ပရိသတ်ကြီးရေ ဒီဇင်ဘာလ ၂၈ရက်လေးကတော့ သရုပ်ဆောင် အဆိုတော် ဂျိုကာရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ အနုပညာကို စိတ်အားထက်သန်သူဖြစ်ပြီး သူတာဝန်ယူလုပ်ဆောင်ရတဲ့ အပိုင်းတွေမှာ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်လေ့ရှိတာဖြစ်လို့ ပရိသတ်အားပေးချစ်ခင်မှုကိုလည်း တစ်ခဲနက်ရရှိထားတာပါ။


သရုပ်ဆောင် အဆိုတော် ရဲလေးရဲ့ ညီဖြစ်ပြီး နှစ်ယောက်အတူ အနုပညာလှုပ်ရှားမှုတွေမှာလည်း အမြဲယှဉ်တွဲ တွေ့ရတာဖြစ်လို့ ပရိသတ်တွေကလည်း အတော်လေး သဘောကျနေကြတာပါ။
ညီအစ်ကို နှစ်ယောက်ရဲ့ ဆန်းသစ်လှတဲ့ အနုပညာအရည်အချင်းတွေကလည်း တော်တော်လေး ကောင်းမွန်တာကိုလည်း မြင်တွေ့ရပါတယ်။


ယနေ့ကျရောက်တဲ့ ဂျိုကာရဲ့ မွေးနေ့လေးမှာတော့ အစ်ကိုဖြစ်သူ ရဲလေးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ " အများကြီး မပြောတော့ပါဘူးဂျိုကြီး ရေ ချစ်တယ် ညီလေး အေးချမ်းပါစေ ငြိမ်းချမ်းပါစေ အတူတူဆက်ကိုင်မယ်ကွာ `We Are YLJK´Happy Birthday Jo Jo " ဆိုတဲ့ စာသားလေးနဲ့အတူ နှစ်ယောက်အတူရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ရင်း ဆုတောင်းပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်......။



သတင်း အရင်းအမြစ်៖ Source - Ye Tun Min's Facebook account





