မိသားစုတွေစုံစုံညီညီနဲ့ ဈေး၀ယ်ထွက်ကြရင်းကြည်နူးစရာအချိန်လေးတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့တဲ့ချောရတနာ

//s9.kh1.co/40/4078fb00dc50346bb4013011ae9c48534f7087c8.jpg
အနုပညာရှင်များ

 ၂၆-ဒီ-၂၀၂၀ ၈pm · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ....မော်ဒယ်လ်မင်းသမီးသန္တာဗိုလ်ရဲ့ အစ်မဖြစ်တဲ့မင်းသမီးချောလေးချောရတနာကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားကြီးများကို အောင်မြင်အောင်ရိုက်ကူးထားနိုင်တဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ထိုက်ထိုက်တန်တန် ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်ချောရတနာဟာ သရုပ်ဆောင်ပိုင်းမှာထူးချွန်ရုံသာမက အငြိမ့်ကရာမှာလည်းပါရမီပါပြီး ကျွမ်းကျွမ်းကျင်ကျင်ကနိုင်တဲ့သူဆိုလည်း မမှားပါဘူး။

Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc

ချောရတနာဟာ အခုလက်ရှိမှာဆိုရင်သာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့သမီးလေးကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ချောရတနာဟာမိသားစုကိုအချိန်ပေးပြီးဂရုစိုက်တတ်သူဖြစ်တာကြောင့် နောက်ပိုင်းတွင် အနုပညာလှုပ်ရှားမှုနည်းပါးသွားတာလည်းဖြစ်ပါတယ်နော်။ ချောရတနာရဲ့သားလေးနဲ့သမီးလေးဟာလည်း မေမေ့ဆီကနေအချောအလှတွေစုရထားကြတာဖြစ်လို့ ချစ်စရာအရမ်းကောင်းတဲ့ကလေးလေးတွေပါနော်။

Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc

ချောရတနာဟာ အခုဆိုရင်လည်းမိသားစုနဲ့အတူ ဈေး၀ယ်ထွက်ရင်း ပျော်ရွှင်နေတာဖြစ်ပါတယ်။ သူတို့မိသားစုရဲ့ ချစ်စရာပုံလေးတွေကိုချောရတနာဟာ သူမရဲ့ Facebookစာမျက်နှာမှာ တင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc

သတင်း အရင်းအမြစ် Chaw Yadanar's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T