ခရစ်စမတ်ဝတ်စုံလေးဝတ်ပြီး အသည်းယားစရာအမူအရာလေးတွေနဲ့ ပို့စ်ပေးကာ ချစ်ဖို့ကောင်းနေတဲ့ စိုးပြည့်သဇင်

//s9.kh1.co/ca/cafa072d815010c8e43d5c4b504d1108d3963ce0.jpg
အနုပညာရှင်များ

 ၂၆-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၅ နှစ် က

.


မင်းသမီး စိုးပြည့်သဇင် ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေရရှိခဲ့ပြီး အကောင်းဆုံးလျှောက်လှမ်းလာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ စိုးပြည့်သဇင်ဟာ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို များစွာ ရိုက်ကူးခဲ့ပြီး သူ့ရဲ့ ကြိုးစားမှုတွေကြောင့်လည်း အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ကပ်ရောဂါတိုက်ဖျက်ရေးကာလလေးကြောင့် ခဏတာရပ်နာထားပြီး မိသားစုနဲ့အတူ အိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာဖြစ်ပါတယ်။

Photo Credit - Bunny's (photography)
Photo Credit - Bunny's (photography)
Photo Credit - Bunny's (photography)
Photo Credit - Bunny's (photography)

စိုးပြည့်သဇင် တမူထူးခြားတဲ့ အလှတရားတွေအပြင် ချစ်စရာအပြုံးချိုချိုတွေကြောင့် ယောကျာ်းပရိသတ်တွေက အားပေးဝန်းရံနေတာ တွေ့ရပါတယ်။ဒါ့အပြင် သူမ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် သူမရဲ့ ပုံရိပ်လေးတွေကို အမြဲဖော်ပြလေ့ရှိပါတယ်။ ယခုမှာဆိုရင်တော့ စိုးပြည့်သဇင် က ပရိသတ်တွေချစ်အားပိုလောက်မယ့်ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Bunny's (photography)
Photo Credit - Bunny's (photography)
Photo Credit - Bunny's (photography)
Photo Credit - Bunny's (photography)

ဒီပုံလေးတွေထဲမှာတော့ စိုးပြည့်သဇင်က ခရစ်စမတ်ဝတ်စုံလေး ဝတ်ဆင်ပြီး ကလေးလေးလို ဟန်ဆောင်မှုကင်းကင်းနဲ့ ပရိသတ်တွေ ချစ်အားပိုအောင်ဖမ်းစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရစ်စမတ်ဝတ်စုံလေးကလည်း  သူမရဲ့ပင်ကိုယ်အလှတရားတွေနဲ့ လိုက်ဖက်ပြီး လှပချောမောနေတာ တွေ့ရပါတယ်။ ကဲ...ပရိသတ်ကြီးရေ ခရစ်စမတ် ဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ စိုးပြည့်သဇင် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Bunny's (photography)
Photo Credit - Bunny's (photography)

သတင်း အရင်းအမြစ် Source- Soe Pyae Thazin fb Account


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T