ပရိသတ်အချစ်တော် ဝါရင့်သရုပ်ဆောင်ကြီး တစ်ဦးဖြစ်တဲ့ ခိုင်သင်းကြည် ကတော့ ယခုမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလိုက် ကြော်ငြာတွေ ရိုက်ကူးလိုက်နဲ့ အနုပညာ လမ်းကို အဆက်အသွယ် မပျက် လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံး ဖြစ်အောင် ခံစားချက် အပြည့်နဲ့ သရုပ်ဆောင်နိုင်တဲ့ ခိုင်သင်းကြည်ဟာ ယခုဆိုရင် အကယ်ဒမီ ဆုတွေ ကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး ဖြစ်ပါတယ်။


မခိုင်လေးကတော့ ယခုမှာ သမီးလေး ထိပ်ထိပ်ကို မွေးဖွားပြီး သာယာတဲ့ မိသားစုလေးနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ မိသားစု အပေါ် ကြင်နာ ယုယတဲ့ ခင်ပွန်းသည် ကြောင့်လည်း အမြဲ ပျော်ရွှင်နေရကာ အနုပညာ အလုပ်တွေ ကို မရပ်မနားဆက် လုပ်နေနိုင်တာပဲ ဖြစ်ပါတယ်။ လတ်တလော မှာလည်း online ကြော်ငြာတွေ ရိုက်ကူးကာ ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက် ရှိနေတာပဲ ဖြစ်ပါတယ်။ မကြာခနဆို သလိုလည်း အလှဓာတ်ပုံလေးတွေ ကို ချပြလေ့ရှိပါသေးတယ်။


ယခုအခုမှာလည်း ခရစ္စက်ဝတ်စုံ အပြင်အဆင်လေးနဲ့ ကလေးအမေတစ်ယောက်လို့ ထင်မှတ်စရာ မရှိလောက်အောင် လှသွေးကြွယ်နေတဲ့ပုံလေးတွေ ကို သူမရဲ့ လူမှု ကွန်ယက် စာမျက်နှာမှာ ချပြလာတာပဲ ဖြစ်ပါတယ်။ ဒီပုံလေးထဲမှာ ခိုင်သင်းကြည် တစ်ယောက် အရမ်းကို နုဖက်နေပြီး ပြုံးရွှင်နေတာပဲ ဖြစ်ပါတယ်။ မျက်နှာ အမူအရာကလည်း ကြည်လင်ဝင်းပပြီး ချစ်ဖို့ကောင်းနေတာကြောင့် မြင်သူတိုင်းက အချစ်ပိုနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ကလည်း မခိုင်လေးကို ချစ်ရင် အသည်းလေးတွေ ပေးခဲ့ကြဦးနော်.....။


သတင်း အရင်းအမြစ်៖ Khine Thin Kyi Facebook Page