အသက်နဲ့အမျှချစ်ရတဲ့ ချစ်သူသားဂန်းရဲ့မွေးနေ့အလှူလေးမှာ ပါရမီဖြည့်ပေးခဲ့တဲ့ ဘေဘီမောင်ရဲ့ ကြည်နူးစရာဗီဒီယိုလေး

//s9.kh1.co/30/3087e1e46126c86e345e4f34a5489ebe799341fc.jpg
အနုပညာရှင်များ

 ၂၅-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၅ နှစ် က

..

ပရိသတ်ကြီးတို့ရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားကြသလို ကြည်နူးအားကျစရာအချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ထားကြတဲ့ ဆယ်လီစုံတွဲလေးကတော့ သားဂန်းနဲ့ ဘေဘီမောင်တို့ စုံတွဲလေးပါပဲ..။

အဆိုတော်သားဂန်းနဲ့ မင်းသမီးချောလေးဘေဘီမောင်တို့ စုံတွဲလေးဟာ ပရိသတ်တွေကိုယ်စီနဲ့ အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်နေကြသလို စီးပွားရေးအလုပ်တွေကိုလည်း တစိုက်မတ်မတ်လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

တစ်ယောက်ကိုတစ်ယောက် ပွင့်လင်းပြီးနားလည်မှုအပြည့်နဲ့ အရမ်းချစ်ကြတဲ့ သူတို့စုံတွဲလေးကတော့ စုံတွဲပုံရိပ်လေးတွေအပြင် လှုပ်ရှားမှုလေးတွေကိုအမြဲမျှဝေတတ်ကြကာ ပရိသတ်တွေကို အမြဲအချစ်ပိုစေကြတာလည်း တွေ့ရပါတယ်နော်..။

ချစ်စရာကောင်းတဲ့ ဘေဘီလေးကတော့ ဒီကနေ့မှာကျရောက်လာတဲ့ ချစ်သူသားဂန်းရဲ့ မွေးနေ့ရက်လေးမှာ မွေးနေ့ဆုတောင်လေးတွေအပြင် Surprise လေးတွေလည်း ပြုလုပ်ပေးခဲ့ပြီး မွေးနေ့အလှူလေးမှာလည်း ချစ်ရသူလေးဘေးမှာ ပါရမီဖြည့်ပေးခဲ့ပါတယ်နော်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

ချစ်သူသားဂန်းရဲ့ မွေးနေ့အလှူလေးမှာ ပါဝင်အားဖြည့်ကူညီကာ ပါရမီဖြည့်ပေးခဲ့ပြီး သံဃာတော်တွေကို ဆွမ်းကပ်လှူကာ ကုသိုလ်ယူနေတဲ့ ချစ်သူလေးကို တစိမ့်စိမ့်ကြည့်ကာ ဗီဒီယိုလေးရိုက်ပြီး အမှတ်တရလေးတွေကိုလည်း မျှဝေထားပါသေးတယ်..။

ကြည်နူးအားကျရလောက်အောင်ကိုလည်း မြတ်နိုးမှုလေးတွေနဲ့ ချစ်ခင်ကြတဲ့ သားဂန်းနဲ့ဘေဘီမောင်တို့ စုံတွဲလေးရဲ့ မွေးနေ့အလှူပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

သတင်း အရင်းအမြစ် Baby Maung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T