မိသားစု စုံစုံညီညီနဲ့ခရစ်စမတ်ကိုကြိုဆိုကြရင်းကြည်နူးအားကျဖို့ကောင်းတဲ့ မိသားစုပုံလေးတွေမျှ‌ဝေပေးလာတဲ့ မြတ်ရတနာကျော်

//s9.kh1.co/e9/e9923531b70bb760e0e4d320a14bde0d4bca4584.jpg
အနုပညာရှင်များ

 ၂၅-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ......ဖြူဖွေး၀င်းဥနေတဲ့အသားအရည်လေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာတိုင်းရင်းသူလေးဖြစ်တဲ့ မြတ်ရတနာကျော်ကတော့ ပရိတ်သတ်တွေရဲ့အချစ်ကို သိမ်းပိုက်ရရှိထားတဲ့သူလေးဖြစ်ပါတယ်။ သူမဟာ အနုပညာလှုပ်ရှားမှုတွေကို အနည်းငယ်သာလုပ်ခဲ့ပေမယ့် ပရိတ်သတ်တွေကသူမကိုသတိထားမိပြီး ချစ်ခင်အားပေးခဲ့ကြတာပါ။ မြတ်ရတနာကျော်ဟာ music videoတွေမှာ ပါ၀င်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ချောမောလှပတဲ့သူမရဲ့ပုံစံလေးကြောင့် ချစ်ခင်အားပေးမှုတွေရရှိခဲ့တာပဲဖြစ်ပါတယ်နော်.....။

Photo credit-Nway Yuya
Photo credit-Nway Yuya
Photo credit-Nway Yuya
Photo credit-Nway Yuya

မြတ်ရတနာကျော်ဟာ အခုလက်ရှိမှာဆိုရင် အာဘွိုင်းနဲ့အတူသာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာလည်းဖြစ်ပါတယ်။ ဒါ့ပြင်ချစ်စရာကောင်းတဲ့သမီးလေး Scarlett Phyo Tunလေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး သမီးလေးဟာလည်း ဖြူဖြူဖွေးဖွေးလေးနဲ့ အသည်းယားစရာလေးပါ။ အခုဆိုရင်လည်း မြတ်ရတနာကျော်တို့မိသားစုလေးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ခရစ်စမတ်ကိုကြိုဆိုနေကြတာလည်းဖြစ်ပါတယ်.....။

Photo credit-Nway Yuya
Photo credit-Nway Yuya
Photo credit-Nway Yuya
Photo credit-Nway Yuya

မြတ်ရတနာကျော်တို့မိသားစုသုံးယောက်ဟာ ခရစ်စမတ်အပြင်အဆင်လေးတွေနဲ့ ချစ်စရာကောင်းအောင်ဓာတ်ဖမ်းထားကြတာဖြစ်ပြီး ဒီပုံလေးတွေကိုလည်း မြတ်ဟာသူမရဲ့ Facebookစာမျက်နှာမှာ "We wish you A Merry Christmas" ဆိုတဲ့ captionလေးနဲ့ တင်ပေးလာခဲ့ပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nway Yuya
Photo credit-Nway Yuya
Photo credit-Nway Yuya
Photo credit-Nway Yuya

သတင်း အရင်းအမြစ် Myat Yadanar Kyaw's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T