ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ဆုမြတ်နိုးဦး ကတော့ အနုပညာနယ်ပယ်မှာ နေရာတစ်ခုကိုအခိုင်မာရပ်တည်ထားနိုင်ခဲ့ပြီး ပရိသတ်တွေအပြင် အနုပညာမောင်နှမတွေက ချစ်ခင်ရတဲ့သူလေးပဲဖြစ်ပါတယ်။ စိတ်သဘောထားပြည့်ဝပြီး အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတက်တာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် ဆုမြတ်နိုးဦးက သွယ်လျကျစ်လျစ်တဲ့ခန္ဓာကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားပါသေးတယ်။

ဆုမြတ်နိုးဦး ကတော့ ဝတ်စားဆင်ယဉ်မှုတွေမှာလည်း မြန်မာဆန်ဆန် ဖက်ရှင် ဝတ်စုံလေးတွေကို ပိုပြီး ဝတ်ဆင်လေ့ရှိတာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် မင်းသမီး ဆုမြတ်နိုးဦးကတော့ သူမရဲ့လှုပ်ရှားမှုပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်တွေအတွက် အမြဲဖော်ပြလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ယခုတစ်ခါမှာတော့ အချစ်တော်လေး ဆုမြတ်နိုးဦး က ပရိသတ်တွေ အလွမ်းပြေအောင် ရိုက်ကူးထားတဲ့ Tiktok လေးတစ်ခုကို တင်ပေးလာခဲ့ပါတယ်။


ဒါကတော့ နန်းဆန်လွန်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိနေခဲ့တာဖြစ်ပြီး ကြွကြွရွရွလေး လမ်းလျှောက်ကာ အသည်းယားစရာကောင်းအောင် ဆော့ကစားနေခဲ့တာပါ။ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုရင်း ချစ်စိတ်တွေ ဖြစ်ပေါ်မိစေမှာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ကဲ...ပရိသတ်တွေကလည်း ဆုမြတ်နိုးဦးရဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်......။


သတင်း အရင်းအမြစ်៖ Source - Hsu Myat Noe Oo's Facebook Account





