ငယ်ငယ်ကမောင်နှမတွေနဲ့အတူ ခရစ်စမတ်သစ်ပင်ကြီးအောက်မှာ လက်ဆောင်တွေအလုအယက်ရှာယူရင်း ငြင်းခုန်ခဲ့ရကြောင်း ပြောပြလာတဲ့ သံသာဝင်း

//s9.kh1.co/fd/fda40cae86bb1a26bdda16bef742341c40d6f872.jpg
အနုပညာရှင်များ

 ၂၄-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၄ နှစ် က

ငယ်ငယ်ကမောင်နှမတွေနဲ့အတူ ခရစ်စမတ်သစ်ပင်ကြီးအောက်မှာ လက်ဆောင်တွေအလုအယက်ရှာယူရင်း ငြင်းခုန်ခဲ့ရကြောင်း ပြောပြလာတဲ့ သံသာဝင်း

အဆိုတော်သံသာဝင်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ခင်ပွန်းသည်အနဂ္ဂနဲ့အတူ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အေးသူမကတော့ ယခုမှာ ငယ်ငယ်ကမောင်နှမတွေနဲ့အတူ ၁၂နာရီကျော်တာနဲ့ ခရစ်စမတ်သစ်ပင်ကြီးအောက်မှာ လက်ဆောင်တွေအလုအယက်ရှာယူကြရင်း ငြင်းခုန်ခဲ့ရတဲ့အမှတ်တရတွေကို   ပရိသတ်တွေထံပြောပြလာခဲ့ပါတယ်။

Photo Credit: Than thar win ' s facebook Acc
Photo Credit: Than thar win ' s facebook Acc
Photo Credit: Than thar win ' s facebook Acc
Photo Credit: Than thar win ' s facebook Acc

သူမကတော့ " ငယ်ငယ်တုန်းက Christmasည ရောက်တော့မဲ့ ဒီနေ့လို အချိန်မျိုးဆိုရင် ....အိမ်ရှေ့မှာဆင်ထားတဲ့ Christmas treeအောက်မှာ. ဒီနေ့ထက်ထိလည်း အခုဆင်ထားတဲ့ ဒီနေရာ ဒီအိမ် ဒီ spot လေးမှာပဲ ) ကိုယ့်နံမယ် Tag လေးနဲ့ Presents လေးတွေ ဘယ်နှစ်ခုရမလဲ ဘာလေးတွေရမလဲဆိုပီး မောင်နှမတွေ တနေ့လုံးဂဏာမငြိမ်ဖြစ်ကြပီပေါ့ ...Santa Claus ကိုလည်း တကယ်ကြီးပဲရှိတယ်ထင်တာလေ...မအိပ်တဲ့သူကို Santa Claus က Presents လာမပေးဘူးလို့ Mummy ကပြောလို့ မအိပ်ချင်လည်း အတင်းမျက်လုံးမှိတ် အိပ်ချင်ယောင်တွေလည်း ဆောင်ခဲ့ရတာအမော...တခါတလေလည်း ခိုးကြည့်တာပေါ့လေ.. တကယ်တော့ တနေ့လုံး အလုပ်များပီး မအားရှာတဲ့ Mummy တို့ Daddy တို့က ညရောက်ပီးကိုယ်တွေအိပ်မှ Packing တွေထုတ်ရတာကိုး ...၁၂ နာရီကျော် တရေးနိုးပီဆိုတာနဲ့ ထပြီး.. အိမ်ရှေ့ မှောင်မှောင်မဲမဲထဲကမှ Christmas lights ​ ရောင်စုံတွေ မှိတ်တုတ်မှိတ်တုတ် လင်းနေတဲ့...Christmas tree ကြီးအောက်မှာ ရောက်နေပီဖြစ်တဲ့ Presents တွေအများကြီးထဲက ကိုယ့်နာမည်ကို မမြင့်တမြင် အလုအယက် ရှာကြ ယူကြတော့တာပဲ..တခါတလေလည်း စိတ်ထဲကလိုချင်တဲ့ ပစ္စည်းလေးတွေ အတိအကျရသလို.. တခါတလေလဲ Santa Clause လည်းလွဲတာပေါ့လေ မနက် ၃ နာရီ ၄ နာရီလောက် ဆိုရင် အိမ်ရှေ့ခန်း ထဲမှာ packing paper ဖြဲထားတာတွေပွထနေပီ.. နင်ဘာရတယ် ငါဘာရတယ်နဲ့ ပြောကြဆိုကြပေါ့.. ဒီလိုနဲ့ပဲ...ငယ်ငယ်တုန်းက ကျွန်မတို့ မောင်နှမတွေရဲ့ Christmas နှစ်တိုင်းဟာ အလွန်လှပ ပြည့်စုံ ပျော်ရွှင်စွာနဲ့ ဖြတ်သန်းခဲ့ရလို့ အဲဒီ Feeling ကို အခုပြန်စဉ်းစားတိုင်း အရမ်းကြည်နူးရပါတယ်..အခု ဒီနေ့ဒီချိန်မှာတော့..ကိုယ်ဟာ ရယူသူမဟုတ်တော့ဘဲ ပေးရတဲ့ အရွယ်ကိုတောင်ရောက်ခဲ့ပီပေါ့ "ဆိုပြီးရေးသားထားခဲ့ပါတယ်။

Photo Credit: Than thar win ' s facebook Acc
Photo Credit: Than thar win ' s facebook Acc
Photo Credit: Than thar win ' s facebook Acc
Photo Credit: Than thar win ' s facebook Acc

သူမကတော့ " တကယ်တော့..ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပီးပြည့်စုံတဲ့ ဝမ်းမြောက်ခြင်းဖြစ်တယ်ဆိုတာကို..အထူးသဖြင့် အများအတွက်ပေးဆပ်ခြင်းက အင်မတန်မင်္ဂလာရှိတယ်ဆိုတာကို Covid ကာလများက ပိုလို့ သင်ကြားပေးပါတယ်..ဒီနှစ် Christmas ကတော့ Carols တွေလဲမထွက်ရ ဘုရားကျောင်းလဲ မသွားရလို့ မပြည့်စုံပါဘူးလေ.. ဒါပေမဲ့လည်း ...ဘုရားကတော့ ကျွန်မကို အမြဲအလင်းပေးပါတယ်...အများအတွက် အကျိုးဖြစ်အောင် ပျော်ရွှင်အောင် တခုခု လုပ်ပေးဖို့ပေါ့လေ ...ဒီနှစ်ကတော့ ကလေးလေးတွေအတွက်ပေါ့ ကလေးကြီးတွေလည်း တချို့ပါသေးတယ်)ကိုယ်နဲ့ နီးစပ်တဲ့ ကလေးလေးတွေ ၂၄ ယောက်အတွက် ( Kayla လေးလည်းပါတာပေါ့နော် )..အသက်အရွယ်လိုက် သူတို့ကြိုက်နိုင်မဲ့ အရုပ်ကလေးတွေကို သေချာစိစစ် အချိန်ပေး တခုချင်းရွေးချယ် ပီး Packing ထုတ် ပေးရတဲ့အလုပ်လေးပေါ့... လွယ်မလိုလိုနဲ့ တကယ်တော့ အချိန်ပေး ခေါင်းစားရတဲ့အလုပ်လေးပါ..ကလေးကကြိုက်ပါ့မလား အရုပ်ကကောင်းရဲ့လား ာသူ့အရွယ်နဲ့ဆိုဒါမျိုးဆော့နိုင်မလား ပစ္စည်းသေးသေးလေးဆို ပါးစပ်ထဲများကောက်ထည့်ပစ်မလား နဲ့ စဉ်းစားပီး ဟိုဆိုင်ပြေး ဒီဆိုင်ပြေးနဲ့မို့ အခုရက်ပိုင်းမအားရပါဘူး ...တယေက်ချင်းစီကို ပျော်စေချင်တော့ ပိုစဉ်းစားရ ပိုလဲပင်ပန်းပေမဲ့ သူတို့လေးတွေ ပျော်ကြမှာကိုတွေးပီး အပျော်တွေကူးစက်ရပါတယ် ...Eternal Flowers ကတော့.စိတ်ရှည်ရှည်နဲ့ လှလှပပလေးတွေ ထုတ်ပိုးပေးပါတယ် ပီးသွားတော့လည်း presents လေးတွေတန်းစီ ကြည့်ပီးပျော် ..childhood memory လေးတွေပြန်စဉ်းစားရင်းနဲ့ပဲ .Covid Christmas လေးကတော့ ကျမအတွက် အရမ်းကို ပြီးပြည့်စုံသွားခဲ့ပါပီရှင် "ဆိုပြီးရေးသားထားခဲ့ပါတယ်။

Source : Than thar win ' s facebook Acc

Photo Credit: Than thar win ' s facebook Acc
Photo Credit: Than thar win ' s facebook Acc
Photo Credit: Than thar win ' s facebook Acc
Photo Credit: Than thar win ' s facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T