ပရိသတ်ကြီးရေ မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ထက်အောင်ရှိုင်းကတော့ ဗလတောင့်တောင့်နဲ့ ယောက်ျားပီသတဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြေပြစ်ပြီး ဆွဲဆောင်မှုအားပြင်းတဲ့ ထက်အောင်ရှိုင်းက အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်နော်.....။


ထက်အောင်ရှိုင်းကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ သူရဲ့ အမိုက်စားခန္ဓာကိုယ်နဲ့ ခန့်ညားအထာကျလွန်းတဲ့ ဖက်ရှင်အလန်းစားနဲ့ ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေရဲ့သည်းသည်းလှုပ်၀န်းရံမှာကိုရရှိနေတာဖြစ်တဲ့အပြင် သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်နေတတ်တဲ့ပုံစံလေးကြောင့် အချစ်ပိုနေကြရတာဖြစ်ပါတယ်။


ထက်အောင်ရှိုင်းဟာ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူလည်းဖြစ်ပြီး မကြာခဏဆိုသလိုလည်း ရုပ်တည်ကြီးနဲ့ Tik Tokတွေရိုက်လေ့ရှိပါတယ်။ မကြာသေးမီကလည်း သူ့ရဲ့ Tik Tok accလေးမှာ
ဒေါ်လာတွေအထပ်လိုက်ကိုင်လာကာ ကြဲချလိုက်ပြီးဒွန့်ပြနေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်း အရင်းအမြစ်៖ Htet Aung Shine's Tik Tok acc