အမိုက်စားကားကြီးနဲ့အတူ အထာကျကျပို့စ်တွေမျိုးစုံပေးကာ နှုတ်ခမ်းနီမလေးတွေကိုရင်ခုန်စေပြန်တဲ့ လင်းအောင်ခေတ်

//s9.kh1.co/20/20d95f204da41106511b13171d3e5ebf65479ae5.jpeg
အနုပညာရှင်များ

 ၂၄-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၅ နှစ် က

.....

ကောင်မလေးတွေရဲ့ ရင်ကို လှုပ်ခတ်နေသူကတော့ ချစ်စဖွယ်အပြုံးမျက်နှာလေးနဲ့အမြဲနေတတ်တဲ့ မော်လ်ဒယ်သရုပ်ဆောင် လင်းအောင်ခေတ်ပဲ ဖြစ်ပါတယ်။ သူရဲ့ ဖော်ရွေပွင့်လင်း စွာနေတတ်တဲ့ပုံစံလေးကြောင့် ပရိသတ်အချစ်တော်ကို ခံယူရရှိနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မော်ဒယ်အဖြစ်သာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပေမယ့်လည်း သူရဲ့ Tik Tok ဗီဒီယိုအလန်းလေးတွေကြောင့် ပရိသတ်အခိုင်အမာရရှိထားသလို လူသိများနေတဲ့ Cele တစ်ဦးလည်း ဖြစ်ပါတယ်။

 Photo Credit : Lin Aung Khit Facebook Account
 Photo Credit : Lin Aung Khit Facebook Account
 Photo Credit : Lin Aung Khit Facebook Account
 Photo Credit : Lin Aung Khit Facebook Account

မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လင်းအောင်ခေတ်ကို ပရိသတ်တွေက ချောမောပြီး တောင့်ဖြောင့်တဲ့ခန္ဓာကိုယ်လေးရယ်ကြောင့် စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပရိသတ်တွေကြားမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီး ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေရတာတွေ့ရပါတယ်။ လတ်တလောမှာတော့ အမိုက်စားကားကြီးနဲ့အတူ လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ မိမိုက် အထာကျလွန်းနေတဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

 Photo Credit : Lin Aung Khit Facebook Account
 Photo Credit : Lin Aung Khit Facebook Account
 Photo Credit : Lin Aung Khit Facebook Account
 Photo Credit : Lin Aung Khit Facebook Account

လင်းအောင်ခေတ်ကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။သူတို့သူငယ်ချင်းတွေဟာဆိုရင် အမြဲစနောက်ကာ ပျော်ပျော်ရွှင်ရွှင်နေတက်ကြသူတွေလည်းဖြစ်ပါတယ်။အမြဲဆိုသလို သူငယ်ချင်းတွေနဲ့ စနောက်နေကြတဲ့ ပုံလေးတွေ Tik tok ဗီဒီယိုလေးတွေကို မကြာခဏတင်လေ့ရှိတာလည်းတွေ့ရပါတယ်။လင်းအောင်ခေတ်ရဲ့ ပုံလေးတွေကို ပရိသတ်ကြီးအတွက်ပါ မျှဝေပေးလိုက်ပါတယ်။

 Photo Credit : Lin Aung Khit Facebook Account
 Photo Credit : Lin Aung Khit Facebook Account
 Photo Credit : Lin Aung Khit Facebook Account
 Photo Credit : Lin Aung Khit Facebook Account

Source & Photo Credit : Lin Aung Khit Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T