ထိုင်းနိုင်ငံက မင်းသား၊မင်းသမီးတွေကြားမှာပါ အရမ်းနာမည်ကြီးနေတဲ့ Challenge ကို အမိုက်စားကပြလိုက်ကြတဲ့ သန္တာဗိုလ်တို့အဖွဲ့ရဲ့ဗီဒီယို

//s9.kh1.co/5e/5e0dd79b4ae270db9d96144f5135939625974985.jpg
အနုပညာရှင်များ

 ၂၄-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၅ နှစ် က

ထိုင်းနိုင်ငံက မင်းသား၊မင်းသမီးတွေကြားမှာပါ အရမ်းနာမည်ကြီးနေတဲ့ Challenge ကို အမိုက်စားကပြလိုက်ကြတဲ့ သန္တာဗိုလ်တို့အဖွဲ့ရဲ့ဗီဒီယို

ပရိသတ်အချစ်တော် မင်းသမီးချောလေး သန္တာဗိုလ်ကတော့ ဇာတ်ကားတွေရိုက်ကူးရသလို ဖက်ရှင်ရှိုးပွဲတွေမှာလည်း ပါဝင်လျှောက်လှမ်းလေ့ရှိတာ ဖြစ်ပါတယ် ။ သရုပ်ဆောင် ချောရတနာရဲ့ညီမလေးလည်းဖြစ်တဲ့ သန္တာဗိုလ်က အနုပညာလောကမှာ အောင်မြင်မှုတွေရရှိပြီး ရပ်တည်နေတာလည်း ဖြစ်ပါတယ် ။ သန္တာဗိုလ်ကိုတော့ ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးကြတာလည်း ဖြစ်ပါတယ် ။ 

Photo Credit-Thandar Bo's FB Acc
Photo Credit-Thandar Bo's FB Acc
Photo Credit-Thandar Bo's FB Acc
Photo Credit-Thandar Bo's FB Acc

အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်နေတဲ့ သန္တာဗိုလ်က အားလပ်ချိန်လေးတွေမှာလည်း ပရိသတ်တွေအတွက် Tik Tok ဗီဒီယိုလေးတွေကို ရိုက်ကူးတင်ဆက်ပေးနေတာ ဖြစ်ပါတယ် ။ အကကိုဝါသနာပါတဲ့ သန္တာဗိုလ်က လတ်တလော ရေပန်းစားနေတဲ့သီချင်းလေးတွေနဲ့ အမိုက်စားကပြလေ့ရှိတာ ဖြစ်ပါတယ် ။ ဒီတစ်ခါမှာတော့ သန္တာဗိုလ်က သူမရဲ့သူငယ်ချင်းတွေနဲ့အတူ နာမည်ကြီး Challenge တစ်ခုကို အမိုက်စားဆော့ပြလိုက်တာပဲ ဖြစ်ပါတယ် ။

Photo Credit-Thandar Bo's FB Acc
Photo Credit-Thandar Bo's FB Acc
Photo Credit-Thandar Bo's FB Acc
Photo Credit-Thandar Bo's FB Acc

"Komtumchallenge" ကတော့ ထိုင်းနိုင်ငံက မင်းသား၊မင်းသမီးတွေကြားမှာ အရမ်းနာမည်ကြီးရေပန်းစားနေတာ ဖြစ်ပါတယ် ။ သန္တာဗိုလ်တို့အဖွဲ့ကတော့ ထိုင်းသီချင်းလေးနဲ့ အုပ်စုလိုက် ပျော်ပျော်ပါးပါးကပြီး Tik Tok ဆော့ပြလိုက်တာပဲ ဖြစ်ပါတယ် ။ သန္တာဗိုလ်က "komtumchallenge ညီညီညာညာ မကဖြစ်ခဲ့ဘူး 6steps" ဆိုပြီး သူမတို့အဖွဲ့ရဲ့ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သန္တာဗိုလ်တို့အနုပညာရှင်တစ်စုရဲ့အမိုက်စား Tik Tok အကဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Thandar Bo's FB Acc

Photo Credit-Thandar Bo's FB Acc
Photo Credit-Thandar Bo's FB Acc
Photo Credit-Thandar Bo's FB Acc
Photo Credit-Thandar Bo's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T