နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော် အဆိုတော်ချောလေး ဟန်နေတာနဲ့အတူ အတွဲညီညီကြော်ငြာတွေအတူရိုက်နေတဲ့ ထက်ထက်မိုးဦး

//s9.kh1.co/b4/b412de28843b8d148b9ea56e1e0ec03ad4d5d430.jpg
အနုပညာရှင်များ

 ၂၄-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၅ နှစ် က

..

ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာရပ်တည်နေကြတဲ့ ပြည်သူ့အသည်းကျော်အနုပညာရှင်တွေထဲမှာ ကြော်ငြာဘုရင်မအဖြစ် အားလုံးကတင်စားထားကြတဲ့ ထက်ထက်မိုးဦးနဲ့ အဆိုတော်ချောလေး ဟန်နေတာတို့ကလည်း အပါအဝင်ပါပဲ..။

ယောကျ်ားလေး မိန်းကလေးမရွေး အားလုံးက ချစ်ခင်အားပေးကြတဲ့ မထက်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် အဆိုတော်ချောလေးဟန်နေတာတို့ကတော့ ပရိသတ်တွေကိုယ်စီနဲ့ အနုပညာနယ်ပယ်အသီးသီးမှာ အောင်မှုစွာ လျှောက်လှမ်းနေကြသူတွေပဲ ဖြစ်ပါတယ်..။

Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Han Nay Tar's Fb Page
Photo Credit - Han Nay Tar's Fb Page

မထက်နဲ့ ဟန်နေတာတို့ ပရိသတ်အချစ်တော်လေးနှစ်ယောက်ဟာ အခုဆိုရင် အနုပညာအလုပ်တွေအတူတွဲဖက်လုပ်ဆောင်ပြီး လိုက်ဖက်ညီညီနဲ့ ကြော်ငြာတွေ အတူရိုက်ကူးသရုပ်ဆောင်နေကြတာကိုလည်း ပရိသတ်တွေ တွေ့မြင်ကြရဦးမှာပါနော်..။

ကြော်ငြာတွေရိုက်ရင်း နှစ်ယောက်အတူအမှတ်တရရိုက်ကူးထားတဲ့ ရိုက်ကွင်းပေါ်က ပျော်စရာပုံရိပ်လေးတွေကို မထက်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို ဝေမျှထားပြီး အားလုံးကို သဘောကျချစ်ခင်စေတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc

"ဘာကြော်ငြာလဲ ရိုက်နေလဲ သိလား ?

ဟိုးအရင်ကလည်း ရိုက်ခဲ့ဖူးတယ်

Live လည်း လုပ်ဖူးတယ်

နာရီဆိုရင် ?????.." ဆိုပြီး ကြော်ငြာအတူရိုက်မယ့်အကြောင်းလေးတေီကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။

မထက်နဲ့ ဟန်နေတာတို့ အချစ်တော်လေးနှစ်ယောက်ရဲ့ ကြော်ငြာလေးကိုလည်း စောင့်မျှော်အားပေးနေကြတဲ့အကြောင်းလေးတွေကိုလည်း ပရိသတ်တွေက Comment လေးတွေမှာ ရေးသားထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc

သတင်း အရင်းအမြစ် Htet Htet Moe Oo's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T