ချစ်ပရိသတ်ကြီးရေ ယနေ့ ဒီဇင်ဘာလ ၂၄ရက်လေးကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် အဆိုတော် ထွန်းထွန်းရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ထွန်းထွန်းဟာဆိုရင် အနုပညာလောကမှာ အချိန်တစ်ခုအကြာ ရပ်တည်အောင်မြင်ခဲ့ပြီး ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးချစ်ခင်မှုကို အပြည့်အ၀ရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။



ထွန်းထွန်းဟာဆိုရင် ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေပြီး ယောကျာ်းပီသပြီး တောင့်တင်းလှပတဲ့ အမိုက်စား ကြွက်သားတွေကို ပိုင်ဆိုင်ထားတာဖြစ်လို့ ယောကျာ်းလေးအချင်းချင်းကပါ အားပေးချစ်ခင်ရတာကိုလည်း တွေ့ရပါတယ်။ ထွန်းထွန်းက သူရဲ့ လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ဝေမျှလေ့ရှိတာဖြစ်ပြီး ပရိသတ်တွေကလည်း တစ်ခဲနက်စောင့်ကြည့်အားပေးနေကြတာပါ။



ယနေ့ကျရောက်တဲ့ သူရဲ့ မွေးနေ့လေးမှာတော့ နှင်းဆီရင်ခွင်အဖွဲ့သားတွေက ဆုတောင်းပေးကာ အရင်က အမှတ်တရပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ မွေးနေ့လေးမှာ ချစ်ရသူတွေနဲ့အတူ အချိန်ကုန်ဆုံးကာ အမှတ်တရတွေဖန်တီးလေ့ရှိတဲ့ သရုပ်ဆောင် အဆိုတော် ထွန်းထွန်းရဲ့ ပုံလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။


သတင်း အရင်းအမြစ်៖ Source - နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း ဖေ့ဘွတ်





