ချစ်ပရိသတ်ကြီးရေ သွယ်လျ ကျစ်လျစ်တဲ့ခန္ဓာကိုယ်အချိုးအစားလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ အေးသောင်းလေးကို တော့ ပရိသတ်ကြီး ချစ်ကြမယ် ထင်ပါတယ်နော်။သူမကတော့ ဗီဒီယို ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးခဲ့ ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရယူထားတာ ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ အေးသောင်းဟာ ကြော်ငြာတွေနဲ့ Live Sale တွေမှာ တွေ့ရတတ်ပြီး ပွဲအခမ်းအနားတွေ တော်တော်များများကို လည်း တတ်ရောက်နေရတဲ့ သူလေး ဖြစ်ပါတယ်။


သူမကတော့ ပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိပြီး အေးချမ်းလှတဲ့ ပင်ကိုယ်အလှတရားတွေ ပိုင်ဆိုင်ထားတဲ့ အပြင် ဘော်ဒီလေးကိုလည်း ထိန်းသိမ်းဖို့ အတွက် လေ့ကျင့်ခန်းတွေ လည်း အမြဲ ပုံမှန်လုပ်နေသူလေးပဲ ဖြစ်ပါတယ်။လေ့ကျင့်ခန်းတွေကို အမြဲ မှန်မှန် လုပ်နေတဲ့ အေးသောင်းဟာ သူမရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေကို မျှဝေလေ့ရှိသူလည်း ဖြစ်ပါတယ်။ခေတ်ရေစီးကြောင်းနဲ့ အညီ လိုက်ဖက်အောင် ဝတ်စားဆင်ယင်တတ်ပြီး ဘယ်ဖက်ရှင်နဲ့ မဆိုလည်း လှပနေတဲ့ မင်းသမီးချောလေး ပဲဖြစ်ပါတယ်။


လတ်တလောမှာတော့ သူမရဲ့ Facebook စာမျက်နှာပေါ်တွင် နေထိုးတဲ့ အလှလေးနဲ့ ဆွဲဆောင်မှုရှိရှိ ပို့စ်ပေးထားတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။“မျက်လုံးပွင့်ပြီးနိုးလာတာမဟုတ်ဘူး မင်းကိုသတိရတယ်ဆိုပြီးနိုးလာတာ အဲ့လိုပြောရင်လူတွေကပိုတယ်ဆိုပြီး လှောင်ကြလိမ့်မယ် ဒါကြောင့်မျက်လုံးပွင့်လို့နိုးလာတယ်ပဲ ဆိုပါတော့ .......အသက်ကြီးလေ အသဲကနုလေမို့ပါ.....”ဆိုတဲ့ မိမိုက်နေတဲ့ စာသားလေးနဲ့ အတူ ပုံရိပ်လေးတွေ ကို တင်ပေးလာတာ ဖြစ်ပါတယ်။ပုံလေးတွေတိုင်းမှာ အေးသောင်းတစ်ယောက် ဆွဲဆောင်မှုရှိရှိနဲ့ လှရက် လွန်းနေတာကြောင့် ပရိသတ်ကြီး အတွက် မျှဝေပေးလိုက်ပါတယ်….။



သတင်း အရင်းအမြစ်៖ Aye Thaung FB Account





