25.12.2020 မှာ ကျရောက်မည့် ခရစ္စမက် ပွဲ အတွက် ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးကို ဝတ်ပြီး သီချင်းတိုက်နေတဲ့ ပိုပို Video

//s9.kh1.co/e1/e1a9ae5d3a6d858890b3bd76cbd692f8f4df21a0.jpg
အနုပညာရှင်များ

 ၂၄-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၅ နှစ် က

.

ဒီတစ်ခါမှာတော့ အသံအေးအေးလေးနဲ့ အဆွေးသီချင်းတွေကို အလွမ်းဓာတ်ခံပါပါ သီဆိုပြီး ပရိသတ်တွေရဲ့ အချစ်တွေသိမ်းပိုက်နိုင်ခဲ့တဲ့ တေးသံရှင် ပိုပိုပဲဖြစ်ပါတယ်။ ပိုပိုဟာ “ရွှေရောင်အနာဂတ် ၊မေ့နေပြီလား ၊အရင်လိုပါပဲ” သီချင်းတွေနဲ့ စတင်ပေါ်ပေါက်လာပြီး ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို အခိုင်အမာ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ယခုဆိုရင် ပိုပိုကတော့ သီချင်းတွေ ဖန်တီးလိုက် ပွဲတွေ တက်လိုက်နဲ့ ဂီတ လမ်းကို ဆက်လက် လျှောက်လှမ်းနေပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

Photo Crd - ဝတ်ရည်မိုး Facebook account
Photo Crd - ဝတ်ရည်မိုး Facebook account
Photo Crd - ဝတ်ရည်မိုး Facebook account
Photo Crd - ဝတ်ရည်မိုး Facebook account

ပိုပို ဟာ ရိုးသားပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ အမူအရာတွေကြောင့် ပေါင်းသင်းဆက်ဆံနဲ့ သူတိုင်းနဲ့ အဆင်ပြေချောမွေ့ နေပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို ရရှိနေတာပဲဖြစ်ပါတယ်။ မျက်နှာ အမူအရာကလည်း ကြည်လင်ဝင်းပနေပြီး မျက်လုံးလေးတွေက ဝင်းလဲ့တောက်ပနေတာကြောင့် မြင်သူတိုင်းရဲ့ ရင်ထဲ အေးမြစေမှာတော့ အမှန်ပဲဖြစ်ပါတယ်။ သူမဟာ ပရိသတ်တွေကို နေ့စဉ် လှုပ်ရှားမှုလေးတွေကို လည်း ချစ်စရာကောင်းအောင် ပုံလေးတွေ ရိုက်ပြီး ဖော်ပြကာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်ရှိနေတာပဲဖြစ်ပါတယ်။

Photo Crd - ဝတ်ရည်မိုး Facebook account
Photo Crd - ဝတ်ရည်မိုး Facebook account
Photo Crd - ဝတ်ရည်မိုး Facebook account
Photo Crd - ဝတ်ရည်မိုး Facebook account

ယခုအခါမှာတော့ သီချင်းတိုက်နေတဲ့ Video လေးကို သူမရဲ့ Facebook my day မှာဖော်ပြလာတာပဲဖြစ်ပါတယ်။ 25.12.2020 မှာကျရောက်မယ့် ခရစ္စမက်ပွဲ အတွက် ပိုပို တစ်ယောက် ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးကို ဝတ်ပြီး သီချင်းထဲမှာ စီးမျော ကာ အရမ်းကို မိမိုက်နေတာပဲဖြစ်ပါတယ်။ မျက်နှာ အမူအရာကလည်း ပြုံးရွှင်ပြီး ပျော်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီး တို့ ကလည်း လာမည့် ခရစ္စမက်ညမှာ ပိုပို ရဲ့ ဖျော်ဖြေ တင်ဆက်မှုကို စောင့်မျှော် အားပေးရင်း သူမနဲ့ အတူ လိုက်ဆိုပြီး ခရစ္စမက်ညလေးကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ကြပါဦးနော်…….။

Photo Crd - ဝတ်ရည်မိုး Facebook account
Photo Crd - ဝတ်ရည်မိုး Facebook account
Photo Crd - ဝတ်ရည်မိုး Facebook account
Photo Crd - ဝတ်ရည်မိုး Facebook account

သတင်း အရင်းအမြစ် ဝတ်ရည်မိုး Facebook account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T