မင်းသမီးချောလေး သန္တာဗိုလ်ကတော့ သရုပ်ဆောင်အဖြစ်သာမက Model အဖြစ်ပါ လျှောက်လှမ်းပြီး အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ် ။ အရပ်ရှည်ပြီး Body လှတဲ့ သန္တာဗိုလ်က အမြဲတမ်းစတိုင်လ်ကျကျ ဝတ်စားဆင်ယင်တတ်တာကြောင့် သူများတွေနဲ့မတူအောင် လှနေတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ သန္တာဗိုလ်တစ်ယောက် အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေသလို မနေ့ကလည်း သူငယ်ချင်းတွေနဲ့ ရှုတင်လေးတစ်ခု ရိုက်ကူးခဲ့သေးတာ ဖြစ်ပါတယ် ။


သန္တာဗိုလ်က အောင်မင်းခန့်၊အောင်လေး၊ထက်အောင်ရှိုင်း၊ နွေးနွေးချစ်ဖွယ်တို့နဲ့အတူ ပျော်ပျော်ပါးပါး ရိုက်ကူးရေးလုပ်ခဲ့တာ ဖြစ်ပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုခင်မင်ရင်းနှီးကြတဲ့ သန္တာဗိုလ်တို့သူငယ်ချင်းတစ်စုကတော့ ခပ်မိုက်မိုက်ဖက်ရှင်တွေဝတ်ပြီး အထာကျနေကြတာပဲ ဖြစ်ပါတယ် ။ သန္တာဗိုလ်ကတော့ "Something is coming" ဆိုပြီး သူမရဲ့ပုံလေးကိုတင်ခဲ့သလို သူငယ်ချင်းတွေနဲ့ပျော်ရွှင်နေတဲ့ လှုပ်ရှားမှုမြင်ကွင်းတွေကိုလည်း ဗီဒီယိုလေးရိုက်ကာ မျှဝေခဲ့သေးတာ ဖြစ်ပါတယ် ။



အောင်မင်းခန့်ကတော့ ဒေါ်လာစက္ကူတွေနဲ့ အမိုက်စားရိုက်ကူးရေးတစ်ခု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ Shooting မှာ စတိုင်လ်အပြည့်နဲ့ ပို့စ်ပေးကြမ်းနေတဲ့ သူငယ်ချင်းအောင်မင်းခန့်ကို သန္တာဗိုလ်က ဘေးကနေကြည့်ပြီး အပီအပြင်အားပေးခဲ့သေးတာလည်း ဖြစ်ပါတယ် ။ ကဲ သူငယ်ချင်းတွေဆုံပြီး တပျော်တပါးကြီးရိုက်ကူးရေးလုပ်နေကြတဲ့ သန္တာဗိုလ်၊အောင်မင်းခန့်နဲ့ အောင်လေးတို့ရဲ့ဗီဒီယိုလေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit-Thandar Bo's FB Story & Aung Lay's FB Story
