ဒီတစ်ခေါက်မှာတော့ ကျော့ရှင်းလှပတဲ့ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး စကားပြောချိုသာ ယဉ်ကျေးလွန်းတဲ့ ပရိသတ် အချစ်တော် နန်းဆုရတီစိုးပဲဖြစ်ပါတယ်။သရုပ်ဆောင်အလုပ်မှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်ပြီး တေးသီချင်းတွေကို လည်းခံစားသက်ဝင်မှု အပြည့်နဲ့ သီဆိုနိုင်တာကြောင့် ပရိသတ်တွေ အချစ်ပိုနေကြတာဆို ရင်လည်း မမှားပါဘူး။ နန်းဆု ကတော့ဗီဒီယို ရုပ်ရှင်ဇာတ်ကားတွေကို စတင်ရိုက်ကူးရာမှ ပရိသတ်တွေ ရင်ထဲ စတင်ရောက်ရှိလာပြီး ယခုဆိုရင်သီချင်းတွေကို ဖန်တီးကာ အနုပညာလမ်းကို ဆက်လက် လျှောက်လှမ်း နေတာပဲ ဖြစ်ပါတယ်။


မကြာသေးမီကလည်း အသံချိုချိုသာသာလေးနဲ့ သီဆိုထားတဲ့ ခရစ္စမက်သီချင်းလေးလည်း ထွက်ရှိထားကာ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပြီး ရေပန်းစားနေတာပဲဖြစ်ပါတယ်။ သူမသီဆိုထားတဲ့ သီချင်းကို လည်း TipTok လေးတွေဆော့ကာ ဆုလက်ဆောင်တွေ လည်းပေးဖို့ စီစဉ်နေတာပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း နန်းဆုဟာ မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေးတွေ ဝတ်စားဆင်ယဉ်ပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြကာ ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်ရှိနေတာပဲဖြစ်ပါတယ်။


ယခုအခါမှာလည်း သူမရဲ့ လှပကျော့ ရှင်းတဲ့ ခန္ဓာကိုယ်ထက်မှာ မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေး ဝတ်ဆင်ကာ လှသွေးကြွယ်နေတဲ့ ပုံလေးတွေကို ဖော်ပြလာတာပဲဖြစ်ပါတယ်။ ဒီပုံ ထဲမှာ နန်းဆု တစ်ယောက် အရမ်းကို ကျက်သရေ ရှိပြီး လှပနေတာ ပဲဖြစ်ပါတယ်။ ညို့အားပြင်းတဲ့ အကြည့်တွေကလည်း မြင်သူတိုင်း အသည်းတွေကို ခြွေနေတာပဲဖြစ်ပါတယ်။ ကဲ…ပရိသတ်ကြီး တို့ကလည်း နန်းဆုရဲ့ အလှတွေအောက်မှာ နစ်မျောသွားရင် အသည်းလေးတွေပေးခဲ့ဖို့ မမေ့နဲ့ဦးနော်…။


သတင်း အရင်းအမြစ်៖ Nansu Yati Soe Facebook Page





