ဆန်းသစ်လကတော့ အဆိုတော်၊သရုပ်ဆောင်အဖြစ် ဂီတလမ်းကြောင်းပေါ်မှာရော အနုပညာလမ်းကြောင်းပေါ်မှာပါ လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ် ။ ဆန်းသစ်လက အသံချိုချိုအေးအေးလေးနဲ့ သီချင်းတွေကို သီဆိုတတ်တာကြောင့် ပရိသတ်တွေက သူမကိုနှစ်ခြိုက်အားပေးကြတာ ဖြစ်ပါတယ် ။ ဆန်းသစ်လက သမီးလေးကိုကိုယ်ဝန်လွယ်ထားစဥ်ကတည်းက အနုပညာအလုပ်တွေနဲ့အနည်းငယ်ဝေးကွာခဲ့ပေမယ့် သူမရဲ့လှုပ်ရှားမှုတွေကိုတော့ အမြဲတင်ပေးလေ့ရှိတာ ဖြစ်ပါတယ် ။



ဆန်းသစ်လက ချစ်ခင်ပွန်းနဲ့အိမ်ထောင်ကျပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဆန်းသစ်လတို့ဇနီးမောင်နှံရဲ့ဘဝထဲကို သမီးချောလေးတစ်ယောက်က ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ် ။ မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့သမီးလေးကို ဆန်းသစ်လတို့ဇနီးမောင်နှံက Apple လို့ ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ် ။ အခုလည်း မေမေဆန်းသစ်လက သမီးလေးရဲ့ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။



ဆန်းသစ်လက "ဖေဖေမေမေတို့ရဲ့ အသည်းတုန် ချစ်မဝလေး ဒီနေ့ (၃)လပြည့်ပါပြီရှင် Happy3Months HappyApple" ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ဆန်းသစ်လရဲ့သမီးလေးကတော့ ဆံပင်ကောက်ကောက်လေးနဲ့ အရုပ်မလေးလို အရမ်းချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဆန်းသစ်လရဲ့သမီးဦးလေးဖြစ်တဲ့ Apple ရဲ့အသည်းယားစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-San Thit La's FB Acc



