ပရိသတ်အချစ်တော် ပိုပိုကတော့ အသံချိုချိုသာသာလေးနဲ့ အဆွေးသီချင်းတွေကို အလွမ်းဓာတ်ခံပါပါ သီဆိုပြီး ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုနဲ့ နေရာတစ်နေရာ ရှိခဲ့တာပဲဖြစ်ပါတယ်။ ချိုသားပြီး ကလေးတစ်ယောက်လို ဟန်ဆောင်မှုကောင်းတဲ့ အပြုံး၊ မျက်နှာ အမူအရာကလည်း ကြည်လင်ဝင်းပနေတာ ကြောင့် ပရိသတ်တွေက ချစ်သထက် ချစ်နေကြတာ ဆိုရင်လည်း မမှားပါဘူး။ ပိုပို ဟာ သီချင်း အယ်ဘမ်ပေါင်း များစွာကို ထွက်ရှိခဲ့ပြီး အယ်ဘမ် တိုင်းလိုလို ပရိသတ်တွေရဲ့ အားပေးထောက်ခံမှု ရရှိကာ အောင်မြင်ကျော်ကြားခဲ့တာပဲဖြစ်ပါတယ်။


ခန္ဓာကိုယ်ကလည်း ကျစ်လစ်လှပနေတာကြောင့် ပုရိသတွေရဲ့ အသည်းကျော်တစ်ဦး လည်း ဖြစ်နေရတာပဲဖြစ်ပါတယ်။ ပိုပို ကတော့ ယခုမှာ သီချင်းတွေ ဖန်တီးလိုက် ပွဲတွေ တက်လိုက်နဲ့ ဂီတလမ်းကို ဆက်လက်လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။ မကြာခနဆို သလို သူမဟာ Live လွှင့်ပြီး ပရိသတ်တွေနဲ့ တစ်ရင်းတစ်နှီး နေကာ ဘဝကို တစ်ယောက်တည်း ပျော်ပျော်ဖြတ်သန်းနေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ ပိုပို ဟာ သူမရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို လည်း ရိုးရိုးရှင်းရှင်းလေး ဝတ်စားဆင်ယဉ်ကာ အလှဓာတ်ပုံလေးတွေရိုက်ပြီး အမြဲဖော်ပြလေ့ရှိပါတယ်။


ယခုအခါမှာလည်း သူမရဲ့ ရိုးရှင်းလှပတဲ့ပုံလေးတွေကို ဖော်ပြလာတာပဲဖြစ်ပါတယ်။ ဆောင်းမနက်ခင်းမှာ အနွေးထည်လေး ဝတ်ပြီး ဟန်ဆောင်မှုကင်းတဲ့ အပြုံးတွေနဲ့ စွဲဆောင်မှုရှိနေတာပဲဖြစ်ပါတယ်။ ဒီပုံလေးတွေထဲ မှာပိုပို တစ်ယောက် အရမ်းကို ကျက်သရေရှိပြီး မျက်နှာလေးက ကြည်လင်ဝင်းပနေတာပဲဖြစ်ပါတယ်။ ကလေးတစ်ယောက် လို ချစ်ဖို့ကောင်းနေတဲ့ ပိုပို ကတော့ မြင်သူတိုင်း အချစ်ပို စေမှာ အမှန်ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ကလည်း ပိုပို ဆက်လျှောက်မယ့် ဂီတ လမ်းကို ဆက်လက် အားပေးဝန်းရံ လိုက်ကြပါဦးနော်….။


သတင်း အရင်းအမြစ်៖ ပိုပို Facebook Page