မေမေနဲ့အတူ shoppingထွက်ရင်းချွဲစိန်လေးလုပ်နေကာ တစ်နေ့တခြားပိုပိုလှနေတဲ့ မခိုင်လေးရဲ့သမီးချောလေး စံထိပ်ထားဦး

//s9.kh1.co/dc/dcb18660734bfae9f861b81c360538373255b7f2.jpg
အနုပညာရှင်များ

 ၂၃-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ.....အကယ်ဒမီဆုများစွာကို သိမ်းပိုက်ထားပြီး ယနေ့ထိတိုင်အရွယ်တင်နုပျိုနေ‌ဆဲဖြစ်တဲ့ မင်းသမီးခိုင်သင်းကြည်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ သာယာချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့သမီးလေးစံထိပ်ထားဦးကိုလည်း ပိုင်ဆိုင်ထားတာပါ။ ထိပ်ထိပ်လေးဟာလည်း ပညာရေးဘက်မှာလည်းထူးချွန်တဲ့သူ‌လေးဖြစ်ပြီး ဖေဖေနဲ့မေမေအမြဲဂုဏ်ယူနေရတဲ့သူလေးပါ။

Photo credit-San Htate Htar Oo's Facebook page
Photo credit-San Htate Htar Oo's Facebook page
Photo credit-San Htate Htar Oo's Facebook page
Photo credit-San Htate Htar Oo's Facebook page

စံထိပ်ထားဦးဟာ အခုလက်ရှိမှာဆိုရင်လည်းမိခင်ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဒါ့ပြင်ထိပ်ထိပ်လေးဟာ တူရိယာပစ္စည်းလေးတွေလည်း ကျွမ်းကျွမ်းကျင်ကျင်တီးတတ်သူလေးဖြစ်ပြီး သီချင်းလေးတွေလည်း ကာဗာအနေနဲ့ သီဆိုတတ်ပါသေးတယ်။ ထိပ်ထိပ်လေးဟာ အမြဲလိုလိုလူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေနဲ့ နေလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။

Photo credit-San Htate Htar Oo's Facebook page
Photo credit-San Htate Htar Oo's Facebook page
Photo credit-San Htate Htar Oo's Facebook page
Photo credit-San Htate Htar Oo's Facebook page

ထိပ်ထိပ်လေးဟာ အခုဆိုရင်လည်း ၁၈နှစ်ပြည့်ပြီးသွားပြီဖြစ်ပြီးတော့ တစ်နေ့တခြားပိုပိုလှနေကာ မေမေ့ကိုအမီလိုက်နေတာပါနော်။ အခုဆိုရင်လည်း ထိပ်ထိပ်လေးဟာ မေမေနဲ့အတူshoppingသွားရင်း ချစ်စရာအရမ်းကောင်းနေတဲ့ပုံလေးတွေကို သူမရဲ့ Facebook pageလေးမှာ တင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-San Htate Htar Oo's Facebook page
Photo credit-San Htate Htar Oo's Facebook page
Photo credit-San Htate Htar Oo's Facebook page
Photo credit-San Htate Htar Oo's Facebook page

သတင်း အရင်းအမြစ် San Htate Htar Oo's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T