မင်းသားမောင်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး ဗီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ စိန်ဖြိုးလှိုင်ကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီအပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ဝေးကွာလျက်ရှိနေခဲ့ပေမယ့် ယနေ့အချိန်ထိပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ စိန်ဖြိုးလှိုင်ကတော့ လူတိုင်းကို အပြုံးလေးတွေနဲ့ ပြောဆိုတက်သူတစ်ယောက်ပဲဖြစ်ပါတယ်။


ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကိုဗစ်ကာလမှာ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံလုပ်ကိုင်နေခဲ့တဲ့ စိန်ဖြိုးလှိုင်ကတော့ မင်းသမီးချောလေးဖြစ်တဲ့ ရီရီပွင့်ဖြူနဲ့အတူ အေးချမ်းသာယာတဲ့ ချစ်သူခရီးလမ်းလေးကို အတူလျှောက်လှမ်းလျကမရှိနေခဲ့တာပဲဖြစ်ပါတယ်။ စိန်ဖြိုးလှိုင်တို့စုံတွဲလေးကတော့ ပရိသတ်တွေအားကျရတဲ့ ချစ်သူစုံတွဲလေးဖြစ်ပြီး ကြည်နူးစရာကောင်းလွန်းတဲ့ စုံတွဲပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိကာ အဆိုပါပုံရိပ်လေးတွေဟာပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။


စိန်ဖြိုးလှိုင်ကတော့ ယခုမှာ တူ၊တူမတွေက သူ့ကိုကြောက်လို့မော်တောင်မကြည့်ရဲဘူးဆိုတဲ့အကြောင်း ပုံလေးနဲ့အတူ ဟာသနှောကာပြောပြာလာခဲ့ပါတယ်။။စိန်ဖြိုးလှိုင်ကတော့ " တူ တူမတွေ ကိုယ့်ကိုဘယ်လောက် ကြောက်ကြလဲဆို ပုံကသက်သေပဲ။ မော်တောင် မကြည့်ရဲကြဘူး "ဆိုပြီး စနောက်လိုက်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားမောင်ရဲ့ ဖုန်းကိုယ်စီသုံးနေကြတဲ့ တူ၊တူမတွေနဲ့အတူ အမိအရဓာတ်ဖမ်းနေတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
Source : Sein Phyo Hlaing ' s Facebook Acc

