မင်းသားကြီး ထူးခန့်ကျော်က ဟာ အောင်မြင်မှုတွေနဲ့ အနုပညာနယ်ပယ်မှာ လျှောက်လှမ်းလာတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ ထူးခန့်ကျော်က က ဘယ်လိုဇာတ်ရုပ်တွေမဆို သဘာဝကျကျပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေကလည်း အားပေးချစ်ခင်နေရတာ ဖြစ်ပါတယ်။ လတ်တလော MRTV - 4မှာထုတ်လွှင့်ပြသနေတဲ့ " မမှီဝဲနဲ့ ကင်းအောင်နေ " မြန်မာ့ရုပ်သံဇာတ်လမ်းတွဲလေးမှာ ဗေဒါ ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။


ဒီဇာတ်လမ်းထဲမှာတော့ ဗေဒါဇာတ်ကောင်ကို သဘာဝကျကျပီပြင်အောင် သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျချစ်ခင်နေတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း MRTV - 4မှာထုတ်လွှင့်ပြသနေတဲ့ " မမှီဝဲနဲ့ ကင်းအောင်နေ "ဇာတ်လမ်းလေးကို ကြည့်ကြမယ်လို့လည်း ထင်မိပါတယ်။ ယခုမှာတော့ ထူးခန့်ကျော်က မန္တလေးက ပရိသတ်တွေတစ်ယောက်ရဲ့ ဂုဏ်ပြုချီးမြှောက်ထားတဲ့ ကိတ်မုန့်လေးကို Liveလေးလွှင့်ပြီး ခွဲခဲ့တာဖြစ်ပါတယ်။


ဒီliveလေးထဲမှာတော့ ဇာတ်လမ်းလေးထဲမှာ မြင်တွေ့ရတဲ့ 'ကြွက်' ဇာတ်ကောင်ကနေသရုပ်ဆောင်တဲ့ မင်းသားသုတအောင်နဲ့ အတူ ထူးခန့်ကျော်က ကျေးဇူးတင်စကားတွေပြောပြီး ကိတ်မုန့်ခွဲခဲ့တာ ဖြစ်ပါတယ်။ ဒီ Live လေးနဲ့လည်း ထူးခန့်ကျော်က " ဗေဒါဇာတ်ကောင်ကို ဂုဏ်ပြုပေးပါသော မန္တလေးမြို့မှ ညီမလေးနှင့် ကျေးဇူးရှင်ပရိတ်သတ် အမျိုးများအားလုံးကို မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲမိသားစုမှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ....ဗေဒါ" ဆိုပြီး ရေးသားဖော်ပြထားခဲ့ပါတယ်။ ကဲ...ပရိသတ်ကြီးရေ live လေးကို ကြည့်ရှု့ရင်း မင်းသားကြီး ထူးခန့်ကျော်ကို အရင်ကထက် ချစ်ပေးကြပါဦးနော်။
သတင်း အရင်းအမြစ်៖ Video Credit & Source - Htoo Khant Kyaw fb account