ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ ကြည်နူးပီတိဖြစ်စရာ မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ စွမ်းဇာနည်

//s9.kh1.co/7d/7d43054ad27d094d678fd63d52fddbd6ef16995c.jpg
အနုပညာရှင်များ

 ၂၂-ဒီ-၂၀၂၀ ၇pm · လွန်ခဲ့သော ၄ နှစ် က

.

ဇာတ်သဘင်လောကမှာ အောင်မြင်မှုတွေရရှိပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတွေကို ခြွေချထားနိုင်ခဲ့သူကတော့ မင်းသားချောစွမ်းဇာနည်ပဲ ဖြစ်ပါတယ်။ စွမ်းဇာနည် က ဇာတ်သဘင်နယ်ပယ်မှာသာမကပဲ သရုပ်ဆောင်လောကမှာ အောင်မြင်မှုရရှိခဲ့တဲ့ မင်းသားချောလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုမိုအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင်လည်း ကြိုးစားလုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit- Kyaw Thu fb account
Photo Credit- Kyaw Thu fb account
Photo Credit- Kyaw Thu fb account
Photo Credit- Kyaw Thu fb account

စွမ်းဇာနည် က စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးကို အမြဲကူညီတတ်သလို အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော လှူဒါန်းပေးတဲ့သူပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ စွမ်းဇာနည် က မင်းသားကြီး ဦးကျော်သူရဲ့ (ရန်ကုန်) နာရေးကူညီမှုအသင်းကို အလှူငွေ (၇)သိန်းကျပ်တိတိလှူဒါန်းပေးခဲ့ပါတယ်။ စွမ်းဇာနည် ရဲ့ မွန်မြတ်တဲ့ အလှူလေးကို ပရိသတ်တွေ ထပ်တူသာဓုခေါ်ဆိုနိုင်အောင် ဦးကျော်သူရဲ့ လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit- Kyaw Thu fb account
Photo Credit- Kyaw Thu fb account
Photo Credit- Kyaw Thu fb account
Photo Credit- Kyaw Thu fb account

ဒါ့အပြင် စွမ်းဇာနည် ရဲ့ အလှူလေးနဲ့ပတ်သက်ပြီး ဦးကျော်သူက ပြောပြထားရာမှာလည်း " မင်းသားစွမ်းဇာနည် ၏မြတ်ကောင်းမှု"ယနေ့ မင်းသားစွမ်းဇာနည် ၏" စွမ်းသဘင်"မိသားစု မှ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့မီးဂြိုလ်ခ အ​ယောက်(၁၀၀)စာ နှင့် ကဒ်​ခေါင်း (၅၄)ခုစာ အလှူငွေ (၇)သိန်းကျပ် အား သဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းသည့်အတွက် ဤ ဂုဏ်ပြုလွာကို ဝမ်း​မြောက်စွာဖြင့် သာဓု​ခေါ်ဆို ချီးမြှင့်အပ်ပါတယ်....စွမ်းဇာနည် ကိုယ်စား အဆိုတော်ရုပ်ရှင် မင်းသား နာကူ(ရန်ကုန်) စံပြပရဟိတအနုပညာရှင် ဇွဲလရောင်( မခင်လေး) မှ လှူဒါန်းပေးခဲ့ပါတယ်...သာဓု သာဓု သာဓု ပါဗျာ" ဆိုပြီး ဖော်ပြထားပါတယ်။

Photo Credit- Kyaw Thu fb account
Photo Credit- Kyaw Thu fb account
Photo Credit- Kyaw Thu fb account
Photo Credit- Kyaw Thu fb account

သတင်း အရင်းအမြစ် Source - Kyaw Thu fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T