မင်္ဂလာသက်တမ်း (၅)နှစ်ပြည့်နေ့လေးမှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့ရဲ့မွေးနေ့ နဲ့ သားလေးမွေးနေ့လေး ပါ ကျရောက်ခဲ့တဲ့ ဒါရိုက်တာဝိုင်း

//s9.kh1.co/51/5132d2b5e2ea507cc25420f4b5faadda2ffca1b9.jpg
အနုပညာရှင်များ

 ၂၂-ဒီ-၂၀၂၀ ၄pm · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ သရုပ်ဆောင်တစ်ယောက်အပြင် ရုပ်ရှင်ဒါရိုက်တာအနေနဲ့ပါ အနုပညာလောကမှာ အောင်မြင်နေတဲ့ သူကတော့ ဝိုင်းပဲဖြစ်ပါတယ်။ ဝိုင်းကတော့ ရုပ်ရှင်ဇာတ်ကားများစွားကို ရိုက်ထားပြီး အကယ်ဒမီဆုတွေကို ရရှိထားခဲ့တဲ့ ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဝိုင်းက ဇာတ်ကားကောင်းတွေကိုပဲ ဆက်တိုက်ရိုက်ကူးနေပြီး အကောင်းဆုံးကြိုးစား လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

Photo Credit- Wyne fb account
Photo Credit- Wyne fb account
Photo Credit- Wyne fb account
Photo Credit- Wyne fb account

ဒါ့အပြင် ဝိုင်းက သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာသားလေးနဲ့ သမီးလေးတို့ကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ယနေ့မှာတော့ ဝိုင်းတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၅)နှစ်ပြည့်နေ့လေးကို ကျရောက်ခဲ့ပါတယ်။ သူ့ရဲ့ မင်္ဂလာရှိတဲ့နေ့လေးမှာတော့ ချစ်တဲ့သူတွေက ဆုမွန်ကောင်းစကားတွေ ချီးမြှောက်ကြတာကိုလည်း တွေ့ရပါတယ်။

Photo Credit- Wyne fb account
Photo Credit- Wyne fb account
Photo Credit- Wyne fb account
Photo Credit- Wyne fb account

ဝိုင်းက သူ့ရဲ့ လူမှုကွန်ယက်မှာလည်း"အမှတ်တရ..ရှိတဲ့ဒီ​နေ့​လေးမှာ...ကိုယ့်ကိုယ်ကိုယ်သတိ​ပေးမိတာက...​ရှေ့ဆက်ရမယ့်​နေ့ရက်တိုင်းမှာ...​လောဘ..​ဒေါသ..​မောဟနည်းနိုင်သမျှနည်း​အောင်ကြိုးစားရ​မယ်...လို့...​ပေါ့​လေ"ဆိုပြီးရေးသားထားပါတယ်။ အံ့သြစရာကောင်းတာကတော့ မင်္ဂလာသက်တမ်း (၅)နှစ်ပြည့်နေ့မှာတော့ သားလေး တူးတူးရဲ့ အသက် ၄ နှစ်ပြည့်တဲ့နေ့အပြင် ဝိုင်းရဲ့ အသက် ၄၇ နှစ်ပြည့်တဲ့ မွေးနေ့လေးကို တိုက်ဆိုင်စွာ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း မင်္ဂလာရှိတဲ့ နေ့လေးကိုကျရောက်ခဲ့တဲ့ ဒါရိုက်တာဝိုင်းတို့ မိသားစုလေးကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်။

Photo Credit- Wyne fb account
Photo Credit- Wyne fb account
Photo Credit- Wyne fb account
Photo Credit- Wyne fb account

သတင်း အရင်းအမြစ် Source - Wyne fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T