ကားကိုအခြစ်ခံလိုက်ရတာကြောင့် ငွေကုန်ကြေးကျများပြီး စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အတွက် ကိုယ်ချင်းစာကြဖို့ရင်ဖွင့်လာတဲ့ အိုင်းရင်းလေပြေဦး

//s9.kh1.co/6b/6bd5113872478a2ec3dab600feaa5f6be881a010.jpg
အနုပညာရှင်များ

 ၂၂-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၄ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတွေများစွာ ရိုက်ကူးထားကာ ပရိသတ်တွေရင်ထဲရောက်ရှိနေရာယူထားကြတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ သရုပ်ဆောင်အိုင်းရင်းလေပြေဦးကလည်း အပါအဝင်ပါပဲနော်..။

ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ အိုင်းရင်းပြေလေဦးဟာ လတ်တလောမှာတော့ အနုပညာအလုပ်တွေနည်းပါးနေပေမယ့်လည်း သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသူပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Iris Mangchin Par's Fb Acc
Photo Credit - Iris Mangchin Par's Fb Acc
Photo Credit - Iris Mangchin Par's Fb Acc
Photo Credit - Iris Mangchin Par's Fb Acc

အိုင်းရင်းလေပြေဦးကတော့ ဒီကနေ့လေးမှာလည်း သူမရဲ့ကားကိုအခြစ်ခံလိုက်ရတာကြောင့် ငွေကုန်ကြေးကျများပြီး စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အတွက် ကိုယ်ချင်းစာကြဖို့ ရင်ဖွင့်ပြောပြလာပါတယ်နော်..။

"ကားကို ဘယ်မှာ ရပ်ထားတုန်းက အခြစ်ခံရမှန်း

မသိဘူး ...

သူတို့အတွက်တော့ ဘာရယ်မဟုတ်ပေမယ့်

ကိုယ်တွေအတွက်တော့ ငွေကုန်ကြေးကျဖြစ်ဦးမယ် ...

ဒီထက်ဆိုးတာကဘယ်သူလုပ်တာလဲ၊

ဘာကြောင့်လဲဆိုတဲ့ အတွေးနဲ့...

လောလောဆယ် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ် ...

Photo Credit - Iris Mangchin Par's Fb Acc
Photo Credit - Iris Mangchin Par's Fb Acc
Photo Credit - Iris Mangchin Par's Fb Acc
Photo Credit - Iris Mangchin Par's Fb Acc

ကိုယ်ဘာရယ်မဟုတ်လုပ်လိုက်တဲ့

အလုပ်တစ်ခုကသူများကို ပူလောင်ထိခိုက်စေတယ်

ဆိုတာ ကောင်းလှတာ မဟုတ်ဘူး ...

ဘာမဟုတ်တာလေး တစ်ခုခုလုပ်မယ်ဆိုရင်တောင် တဖက်ကို ...

အရင်တွေးပေးတဲ့ အလေ့အကျင့်လေးရှိကြပါစေ...

ကျန်းမာချမ်းသာပါစေလို့ပဲ မေတ္တာပို့ပါတယ်ရှင်..." ဆိုပြီး သူမရဲ့ အဖြစ်အပျက်လေးတွေနဲ့ ကြုံတွေ့ရတာလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကလည်း ကိုယ်ချင်းစာမိတဲ့အကြောင်းလေးတွေနဲ့ အားပေးစကားလေးတွေလည်း ပြောထားကြသလို ချစ်ခင်အားပေးနေကြတဲ့အကြောင်းလေးတွေကိုလည်း Comment လေးတွေမှာ ရေးသားထားကြတာကို တွေ့ရပါတယ်နော်..။

Photo Credit - Iris Mangchin Par's Fb Acc
Photo Credit - Iris Mangchin Par's Fb Acc
Photo Credit - Iris Mangchin Par's Fb Acc
Photo Credit - Iris Mangchin Par's Fb Acc

သတင်း အရင်းအမြစ်Iris Mangchin Par's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T