အဆွေးသီချင်းလေးနဲ့ ပီပီပြင်ပြင် ခံစားသက်ဝင်ကာ ခရစ္စမတ် ဝတ်စုံလေးနဲ့ Tik Tok ဆော့ကစားထားတဲ့ အေးမြတ်သူ

//s9.kh1.co/2b/2b98796a507a4d062db7dddee7b93b44db137935.jpg
အနုပညာရှင်များ

 ၂၂-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၅ နှစ် က

.

အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချောလေး အေးမြတ်သူ ကတော့ အနုပညာလောကမှာ သရုပ်ဆောင်ကောင်းပြီး ပွင့်လင်းရိုးသားတာကြောင့် ပရိသတ်တွေ သည်းသည်းလှုပ် ချစ်နေကြတဲ့ သူပဲဖြစ်ပါတယ်။မမြတ်လေးကတော့ ဗီဒီယို ဇာတ်ကား အများအပြားကို ရိုက်ကူးခဲ့တဲ့ အပြင် ရုပ်ရှင် ဇာတ်ကားကြီးတွင် လည်း ထိုက်သင့်တဲ့ အကယ်ဒမီတွေ ဆူးခူးရရှိခဲ့သူလေးဖြစ်ပါတယ်။သူမဟာ ပကာသနမပါပဲ ရိုးရှင်းစွာ နေထိုင်မှု ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေက အချစ်ပို နေကြတာလည်း ဖြစ်ပါတယ်။

Photo Credit -Aye Myat Thu FB Account
Photo Credit -Aye Myat Thu FB Account
Photo Credit -Aye Myat Thu FB Account
Photo Credit -Aye Myat Thu FB Account

မမြတ်လေးဟာ ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေသလို Live sale တွေမှာလည်း တွေ့ရတတ်ပြီး ပွဲ အခမ်းအနားတွေ တော်တော်များများလည်း တတ်ရောက်နေရတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။သူမဟာ အပြုံးတစ်ချက် ပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိပြီး ချစ်ဖို့ကောင်းတဲ့ ပါးချိုင့်လေးတွေ ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။မမြတ်လေးကတော့ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်လျက်ရှိပြီး ပရိသတ်တွေနဲ့ အတွက် ဆွဲဆောင်မှုရှိပြီး လှပတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလေ့ ရှိသူ ဖြစ်ပါတယ်။

Photo Credit -Aye Myat Thu FB Account
Photo Credit -Aye Myat Thu FB Account
Photo Credit -Aye Myat Thu FB Account<br>
Photo Credit -Aye Myat Thu FB Account

မကြာခဏဆိုရင်လည်း Tik Tok လေးတွေ ဆော့ကစားလေ့ရှိပြီး ပရိသတ်တွေကို တင်ပေးလေ့ရှိတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။မမြတ် လေးက ဝတ်စားဆင်ယင်မှုကလည်း အခြားသူများနဲ့ မတူပဲ ဆန်းသစ်တဲ့ ဖက်ရှင်လေးတွေနဲ့လိုက်ဖက်သလို မြန်မာဆန်ဆန်လေးဝတ်ဆင်ရင်လည်း ကျက်သရေရှိကာ လှပနေတာဖြစ်ပါတယ်။ လတ်တ လောမှာတော့ ခရစ္စမတ် ဝတ်စုံလေးနဲ့ အဆွေးသီချင်းလေးကို Tik Tok ဆော့ကစားထားတာဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးကလည်း မမြတ်လေးရဲ့ Tik Tok လေးကို ကြည့်ရှုအားပေးနိုင်ဖို့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ် Aye Myat Thu FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T