အပြုံးချိုချိုလေးတွေနဲ့ အသည်းယားစရာကောင်းအောင် စည်းချက်ညီညီလေးကပြထားတဲ့ သံသာမိုးသိမ့်ရဲ့ Tik Tokဗီဒီယိုလေး

//s9.kh1.co/e0/e0c8368cd3c56fcb9b4111439ea202076fcb579b.jpg
အနုပညာရှင်များ

 ၂၂-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ.....သွက်လက်တဲ့အမူအရာလေးတွေနဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ Mrtv-4ရဲ့မင်းသမီးချောလေးသံသာမိုးသိမ့်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ရွှေကြိုတစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ဇာတ်လမ်းတွဲများမှာပါ၀င်သရုပ်ဆောင်လာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။သူမဟာ ကျရာဇာတ်ရုပ်ကိုအပီအပြင်သရုပ်ဆောင်နိုင်တာကြောင့် အနုပညာအရည်အချင်းပြည့်၀တဲ့သူလေးလည်းဖြစ်ပါတယ်။

Photo credit-Than Thar Moe Theint's Facebook acc
Photo credit-Than Thar Moe Theint's Facebook acc
Photo credit-Than Thar Moe Theint's Facebook acc
Photo credit-Than Thar Moe Theint's Facebook acc

သံသာမိုးသိမ့်ဟာ မနေ့ကဖြစ်သည်၊ကျွန်မကမဟေသီစတဲ့ ဇာတ်လမ်းတွဲတွေနဲ့အောင်မြင်ခဲ့ရုံသာမက အချစ်ဖွဲ့လေညင်းရုပ်သံဇာတ်လမ်းတွဲမှာလည်း မေပျိုဖြူအနေနဲ့ ပရိသတ်ရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ သံသာမိုးသိမ့်ဟာအားလပ်ချိန်လေးတွေမှာဆိုရင်လည်း Tik Tokဗီဒီယိုလေးတွေကိုရိုက်လေ့ရှိပြီး ပရိသတ်တွေကိုဝေမျှပေးလေ့ရှိပါတယ်နော်......။

Photo credit-Than Thar Moe Theint's Facebook acc
Photo credit-Than Thar Moe Theint's Facebook acc
Photo credit-Than Thar Moe Theint's Facebook acc
Photo credit-Than Thar Moe Theint's Facebook acc

အခုဆိုရင်လည်း သံသာမိုးသိမ့်ဟာ ရေပန်းစားနာမည်ကြီးနေတဲ့ သီချင်းလေးနဲ့ စည်းချက်ကျကျကပြထားပြီး Tik Tokဗီဒီယိုလေးရိုက်ကာ သူမရဲ့ Tik Tok accလေးမှာတင်ပေးလာခဲ့ပါတယ်။ ပရိသတ်တွေလည်း သံသာမိုးသိမ့်ရဲ့ Tik Tokလေးကြည့်ပြီး အချစ်တွေပိုနေကြမယ်ထင်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Than Thar Moe Theint's Facebook acc
Photo credit-Than Thar Moe Theint's Facebook acc
Photo credit-Than Thar Moe Theint's Facebook acc
Photo credit-Than Thar Moe Theint's Facebook acc

သတင်း အရင်းအမြစ် Than Thar Moe Theint's Tik Tok acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T