ထူးဆန်းတဲ့စကားတစ်ခွန်းပြောပြီး သူ့ရင်ဘတ်ကိုဖွင့်ဟပြလိုက်တဲ့ ကျော်ကျော့်ကြောင့် ပါးစပ်မစိနိုင်အောင်ခွီရင်း အူတက်နေတဲ့ ဆုမြတ်နိုးဦး

//s9.kh1.co/cb/cb6d7010cd1b770d6d75a332d2f1a47dbc3bbebe.jpg
အနုပညာရှင်များ

 ၂၂-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၅ နှစ် က

ထူးဆန်းတဲ့စကားတစ်ခွန်းပြောပြီး သူ့ရင်ဘတ်ကိုဖွင့်ဟပြလိုက်တဲ့ ကျော်ကျော့်ကြောင့် ပါးစပ်မစိနိုင်အောင်ခွီရင်း အူတက်နေတဲ့ ဆုမြတ်နိုးဦး

ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့သုံးယောက်ကတော့ အရမ်းကိုခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဆိုတာ ပရိသတ်တွေကတောင် သိပြီးသားဖြစ်ကြမယ် ထင်ပါတယ်နော်။ ကျော်ကျော်တို့သူငယ်ချင်းသုံးယောက်ကတော့ စိတ်တူကိုယ်တူရှိကြသလို တစ်ယောက်အကြောင်းကိုတစ်ယောက်အပြန်အလှန်သိပြီး ချစ်ခင်နေကြတာလည်းဖြစ်ပါတယ် ။ မောင်နှမတွေလိုတောင်ဖြစ်နေကြတဲ့ သူတို့သုံးယောက်က အောင်မြင်မှုတွေကိုယ်စီနဲ့ ရပ်တည်နေကြတဲ့ ပရိသတ်အချစ်တော်တွေပဲ ဖြစ်ကြပါတယ်။

Photo Credit-"ဗရမ်းဗတာ ဘီအက်ဖက်အက်ဖ်များ" FB Page
Photo Credit-"ဗရမ်းဗတာ ဘီအက်ဖက်အက်ဖ်များ" FB Page
Photo Credit-"ဗရမ်းဗတာ ဘီအက်ဖက်အက်ဖ်များ" FB Page
Photo Credit-"ဗရမ်းဗတာ ဘီအက်ဖက်အက်ဖ်များ" FB Page

ပျော်ပျော်နေတတ်သလို ဟာသတွေဖန်တီးတဲ့နေရာမှာလည်း အရမ်းတော်တဲ့ ကျော်ကျော်တို့သူငယ်ချင်းသုံးယောက်က ပရိသတ်တွေအတွက် အခွီဗီဒီယိုလေးတွေကို တင်ဆက်ပေးတတ်တာ ဖြစ်ပါတယ် ။ လတ်တလောမှာဆိုရင် သူတို့အဖွဲ့လေးက ပညာပေးဗီဒီယိုလေးတွေကို ရိုက်ကူးနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ကျော်ကျော်က သူ့ရဲ့ Tik Tok မှာ ဆုမြတ်နိုးဦးနဲ့ဗီဒီယိုလေးတစ်ခုကို အားလုံးရယ်မောစေနိုင်ဖို့အတွက် တင်ပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-"ဗရမ်းဗတာ ဘီအက်ဖက်အက်ဖ်များ" FB Page
Photo Credit-"ဗရမ်းဗတာ ဘီအက်ဖက်အက်ဖ်များ" FB Page
Photo Credit-"ဗရမ်းဗတာ ဘီအက်ဖက်အက်ဖ်များ" FB Page
Photo Credit-"ဗရမ်းဗတာ ဘီအက်ဖက်အက်ဖ်များ" FB Page

ဒီဗီဒီယိုလေးမှာတော့ ကျော်ကျော်က ထူးထူးဆန်းဆန်း စကားတစ်ခွန်းကိုပြောရင်းနဲ့ ရုတ်တရက်ဆိုသလို သူ့ရင်ဘတ်ကို ဖွင့်ဟပြလိုက်တာ ဖြစ်ပါတယ် ။ အမျိုးသမီးအတွင်းခံဝတ်ထားတဲ့ ကျော်ကျော့်ရဲ့ပုံစံကိုကြည့်ပြီး ဆုမြတ်နိုးဦးတစ်ယောက် ပါးစပ်မစိနိုင်အောင်ရယ်ရင်း အူတက်ခဲ့ရတာလည်း ဖြစ်ပါတယ် ။ ကဲ မျက်နှာပြောင်တတ်တဲ့ ကျော်ကျော်နဲ့ အရယ်သန်တဲ့ ဆုမြတ်နိုးဦးတို့ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Kyaw Naing Oo's Tik Tok Acc

Photo Credit-Kyaw Naing Oo's Tik Tok Acc
Photo Credit-Kyaw Naing Oo's Tik Tok Acc
Photo Credit-Kyaw Naing Oo's Tik Tok Acc
Photo Credit-Kyaw Naing Oo's Tik Tok Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T