ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ Makeup artist လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ သူကတော့ မထက် (Pop Soul) ပဲ ဖြစ်ပါတယ်။မထက်ကတော့ မိတ်ကပ်လောကမှာ နာမည်ကြီးရုံသာမကပဲ MV ရိုက်ကူးရာမှာလည်း အောင်မြင်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ မထက်က ယခုလက်ရှိမှာလည်း မြန်မာ့ရတနာjewelry ဆိုင် live sale ကိုလည်းရောင်းချပေးနေပါတယ် ။ စွယ်စုံရထူးချွန်သူလေးဆိုလည်းမမှားပါဘူးနော်။မထက်ရဲ့ မိတ်ကပ်ကျွမ်းကျင်မှုတွေကလည်း တုနိုင်းမမှီအောင်ထူးချွန်တတ်မြောက်ပြီး နိုင်ငံကျော် artist တစ်ယောက်ဖြစ်သလို လှပတဲ့ခြေတံသွယ်လေးတွေကလည်း ဆွဲဆောင်မှုအပြည့်ပါပဲ။ မထက်ရဲ့ ပုံစံလေးကတော့ နိုင်ငံခြားသူလေးလို့တောင်ထင်မှတ်ရလောက်အောင် ဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူးနော။
မထက်ရဲ့လှပတဲ့ ကိုယ်လုံးအမိုက်စားလေးကလည်း ပုရိသတို့ကိုရင်ခုန်စေသလို မိန်းကလေးပရိသတ်တွေကလည်း အားကျရတဲ့ သူပဲဖြစ်ပါတယ်။ အားကစားလိုက်စားသူတစ်ယောက်ဖြစ်ပြီး အဆီပိုမရှိတဲ့ ကိုယ်လုံးလေးကြောင့်လည်း ကျစ်ကျစ်လစ်လစ်နဲ့ သွယ်လျလှပနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း အနီရောင် ကြက်သွေးရောင်လေးနဲ့ ပြောရက်စရာမရှိအောင် လှသွေးကြွယ်နေတာပဲ ဖြစ်ပါတယ်။ ဝင်းဝါစိုပြေတဲ့ အသားရေလေးကြောင့်လည်း မြန်မာ၀၀တ်စုံလေးနဲ့ အရမ်းကို ကျက်သရေရှိနေသူလေးဖြစ်ပါတယ်။နှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကလည်း ချစ်စရာကောင်းနေပါတယ်နော်။
မထက်ကသူမရဲ့Facebook Page မှာလည်းဖက်ရှင်ဒီဇိုင်းဆန်းများကို ခေတ်နဲ့ညီအောင်ဝတ်စားဆင်ယဉ်တတ်ပြီး ပရိသတ်တွေအတွက်အသစ်ဆန်းတွေကို အမြဲဖန်တီးပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီနေ့မှာလည်း” မောင်ရယ်….အတူမရှိရရင်တောင်ပျော်အောင်ကြိုးစားနေပါတယ် Merry Christmas ပျော်ရွှင်ပါစေ မောင်…...” ဆိုပြီး ချစ်စရာခေါင်းစဉ်လေးနဲ့ အတူ ပုံလေးတွေကိုတင်ပေးထားပါတယ်။ မထက်ရဲ့ ပုံလေးတွေကို ပြန်လည်ကြည့်ရှု့လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။ မထက်အတွက်လည်း စကားလက်ဆောင်လေး တစ်ခွန်းလောက်ပြောပေးသွားဦးနော်။
သတင်း အရင်းအမြစ်៖ Ma Htet -Pop Soul