ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင် အကယ်ဒမီဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ပိုင်နိုင်ကောင်းမွန်ပြီး ကျရာဇာတ်ရုပ်တွေကိုလည်း သဘာဝကျကျပုံဖော်နိုင်သူလေးတစ်ယောက်မို့ သူမရဲ့ဇာတ်ကားတွေက ပရိသတ်တွေကို အမြဲနှစ်သက်သဘောကျစေတာပါ..။
ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ အနုပညာလောကမှာ ထိပ်တန်းကနေ ရပ်တည်နေတဲ့ ရွှေကစ်လေးဟာ ကျော့ရှင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားကာ ကလေးတစ်ယောက်လို ချစ်စရာ ဟန်ပန်အမူအရာလေးတွေနဲ့လည်း ဖမ်းစားတတ်သူလေးလည်း ဖြစ်ပါတယ်နော်..။



အနုပညာအလုပ်တွေနဲ့အတူ သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း အမြဲမျှဝေလေ့ရှိတဲ့ ရွှေကစ်လေးတစ်ယောက် အခုတစ်ခါမှာလည်း Christmas ကို ကြိုဆိုတဲ့ သူမရဲ့ အလန်းစားပုံရိပ်လေးတွေနဲ့အတူ အချစ်ပိုစေပြန်ပါတယ်နော်..။
သူမရဲ့ ဝင်းဝါဖြူဖွေးတဲ့ အသားအရေလေးနဲ့ လိုက်ဖက်လွန်းတဲ့
Christmas ဝတ်စုံလေးကို ဝတ်ဆင်ပြီး ကျော့ရှင်းစွာလှသွေးကြွယ်ကာ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းနေတဲ့ ရွှေကစ်လေးရဲ့ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေ သဘောကျနေကြမှာပါ..။



"Dear Santa , define me. ?? ❄️ ⛄️?.." ဆိုပြီး အသည်းယားစရာကောင်းလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ရွှေကစ်လေးက ပရိသတ်တွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။
Christmas ဝတ်စုံလေးနဲ့ လိုက်ဖက်ညီလွန်းပြီး ချစ်စရာဟန်ပန်လေးတွေနဲ့ မြင်တွေ့ရတဲ့ ပြည်သူ့အသည်းကျော် ရွှေကစ်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေလည်း အချစ်ပိုနေကြမှာမို့ တင်ဆက်ပေးလိုက်ပါတယ်နော်..။


သတင်း အရင်းအမြစ်៖ Wutt Hmone Shwe Yi's Fb Page