တစ်သားမွေးတသွေးလှနေဆဲဖြစ်ပြီး ပန်းရောင်မြန်မာ၀တ်စုံလေးနဲ့ အလှကြီးလှနေတဲ့ မယ်လိုဒီ

//s9.kh1.co/1b/1b5eb1a9b395ed2184779306309452b763d3250a.jpg
အနုပညာရှင်များ

 ၂၁-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ.....ကြည်လင်၀င်းပတဲ့အသားအရည်လေးနဲ့ အရွယ်တင်နုပျိုနေပြီးဆယ်ကျော်‌သက်လေးတွေနဲ့ အပြိုင်အလှပိုနေတဲ့ မင်းသမီးလေးမယ်လိုဒီကို သိကြမယ်ထင်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာလည်းထူးချွန်သူတစ်ယောက်ဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကိုလည်းရရှိထားတဲ့ မင်းသမီးတစ်ယောက်ပါနော်။မယ်လိုဒီဟာ အနုပညာလောကမှာအချိန်အတော်ကြာ ရပ်တည်နေနိုင်သူတစ်ယောက်ဖြစ်ပြီး ယခုအချိန်ထိပရိသတ်အားပေးမှုရရှိနေတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

Photo credit- Khun Sai
Photo credit- Khun Sai
Photo credit- Khun Sai
Photo credit- Khun Sai

မယ်လိုဒီဟာ ချစ်စရာကောင်းတဲ့သားလေးသိဒ္ဓိစစ်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး သားလေးဟာလည်းအမေတူပြီး ချောမောလှတဲ့ကလေးလေးဖြစ်ပါတယ်နော်။ မယ်လိုဒီဟာ ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းလိုက်ပြီလည်းဖြစ်ပြီးတော့ သူမရဲ့သားလေးနဲ့အတူ အေးဆေးနေထိုင်နေတာလည်းဖြစ်ပါတယ်။ မယ်လိုဒီဟာ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း ကျစ်လျစ်လှပတဲ့ဘော်ဒီအချိုးအစားလေးနဲ့ အသားအရည်‌လှပမှုဟာလည်း မိန်းကလေးချင်းပါသဘောကျအားကျရတဲ့သူလေးပါ။

Photo credit- Khun Sai
Photo credit- Khun Sai
Photo credit- Khun Sai
Photo credit- Khun Sai

မယ်လိုဒီဟာ အနုပညာလှုပ်ရှားမှုအနေနဲ့ photo shootingလေးတွေရိုက်ကူးနေတာလည်းဖြစ်ပြီး ကလေးတစ်ယောက်မိခင်လို့ထင်ရက်စရာမရှိအောင်ကို လှသွေးကြွယ်တဲ့သူပါ။ အခုဆိုရင်လည်း မယ်လိုဒီဟာ သူမရဲ့ Facebookစာမျက်နှာမှာ "နှောင်ရေးအေးအောင် မောင်လေးစဉ်းစားပေါ့....." ဆိုတဲ့ captionလေးနဲ့ ပန်းရောင်မြန်မာ၀တ်စုံလေးနဲ့ အလှကြီးလှနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit- Khun Sai
Photo credit- Khun Sai
Photo credit- Khun Sai
Photo credit- Khun Sai

သတင်း အရင်းအမြစ် Melody Myo's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T