ကလေးလေးတစ်ယောက်လိုအသည်းယားစရာအပြုံးလေးတွေနဲ့အတူ ချစ်သူပန်ပေးတဲ့ပန်းလေးတစ်ပွင့်ကို လိုချင်တယ် လို့ဆိုလာတဲ့ နန်းခင်ဇေယျာ

//s9.kh1.co/0f/0f3c15d351d7ab2f34bb4fdc990664614c4d1c11.jpg
အနုပညာရှင်များ

 ၂၁-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၅ နှစ် က

..

Missအလှမယ်တစ်ယောက်ဖြစ်တဲ့နန်းခင်ဇေယျာကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ အတူပရိသတ်တွေရဲ့ အသည်းတွေကို ဖမ်းစားလိုက်ပြန်ပြီနော်။ သူမကတော့ယခုလက်ရှိမှာ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ မာလာကာရှမ်းကော၊ ပင်လယ်စာဗန်း၊အသုပ်ဗန်း၊ အထောင်းဗန်းစတဲ့ အစားသောက်တွေကို သန့်ရှင်းလက်ဆက်စွာ ဖြင့်ရောင်းချနေသူတစ်ယောက် ဖြစ်သလို သူမဟာ သွက်လက်ထက်မြတ်ပြီး စကားပြောရာမှာလည်း ပွင့်ပွင့်လင်းလင်းနဲ့ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုတစ်ခု ဆိုလည်း မမှားပါဘူးနော်။ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေပါမက ယောကျာ်းလေးပရိသတ်တွေပါ အားပေးရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo credit- Nang Khin Zay Yar Fb Page
Photo credit- Nang Khin Zay Yar Fb Page
Photo credit- Nang Khin Zay Yar Fb Page
Photo credit- Nang Khin Zay Yar Fb Page

သူမက MVများတွင်လည်း သရုပ်ဆောင်ထားသူတစ်ယောက်ဖြစ်သလို သူမရဲ့သရုပ်ဆောင်မှုတွေ ကလည်း အောင်မြင်ခဲ့ပါတယ်။ ဝင်းဝါစိုပြေတဲ့ အသားရေလေးကြောင့်လည်း ဒီနေ့မှာအဖြူရောင်အကျီေၤလးနဲ့ လှပနေပြီးလိုက်ဖက်နေတာပဲ ဖြစ်ပါတယ်။ သဘာဝတရားကြီးကို နောက်ခံထားကာ စိမ်းစိုနေတဲ့ သစ်ပင်တွေနဲ့သူမရဲ့ အလှတရားတွေကလည်းပေါ်လွင်နေပါတယ်။ ပန်လေး ပန်ထားပုံလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့လည်း အသည်းယားစရာကောင်းနေတာကတော့ နန်းခင်လေးပဲ ဖြစ်ပါတယ်။

Photo credit- Nang Khin Zay Yar Fb Page
Photo credit- Nang Khin Zay Yar Fb Page
Photo credit- Nang Khin Zay Yar Fb Page
Photo credit- Nang Khin Zay Yar Fb Page

သူမရဲ့ Facebook စာမျက်နှာပေါ်မှာလည်းအလှဓာတ်ပုံလေးတွေ အမြဲတင်ပေးလေ့ရှိသူဖြစ်ပြီး ဖက်ရှင်များကလည်း ခေတ်ရေစီးကြောင်းနှင့်အညီ သစ်ဆန်းနေပြီး လှပနေတာပဲ ဖြစ်ပါတယ်။သူမဟာ မိန်းကလေးတွေအတွက်လည်း လူမှုကွန်ယက်ပေါ်စာမျက်နှာပေါ်မှာ လေ့ကျင့်ခန်းနည်းလမ်း တွေကိုလည်း အမြဲမျှဝေပေးလေ့ရှိပါတယ်။ အဆီမရှိတဲ့ ကိုယ်လုံးလေးကိုပိုင်ဆိုင်ထားကာ မိန်းကလေးတိုင်းအားကျရတဲ့ သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ ဒီနေ့မှာလည်း” ချစ်သူပန်ပေးတဲ့ ပန်းလေးတစ်ပွင့်ကိုလိုချင်တယ်” ခေါင်းစဉ်လေးနဲ့အတူ ရေးသားထားပါတယ်။ နန်းခင်ရဲ့ပုံလေးတွေကို ပြန်လည်ကြည့်ရှု့လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit- Nang Khin Zay Yar Fb Page
Photo credit- Nang Khin Zay Yar Fb Page
Photo credit- Nang Khin Zay Yar Fb Page
Photo credit- Nang Khin Zay Yar Fb Page

သတင်း အရင်းအမြစ် Nang Khin Zay Yar Fb Page

Aye Sandar Htwe
Sandar

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T